ဖားကန့်မြို့နယ်တွင် KIA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ

ဖားကန့်မြို့နယ်တွင် KIA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ

နိုဝင်ဘာ ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မလန်းရွာနှင့် ကံစီးရွာ တစ်ဝိုက်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက် ညပိုင်းမှ စတင်ကာ ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၁၀နာရီအထိ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သည် ဖားကန့်မြို့ပေါ် ဗျူဟာကုန်းမှ တစ်ဆင့် မလန်းရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

" ဗျူဟာက ပစ်တာ မလန်းဘက်ကို ကံစီးရွာတွေဘက်မှာတော့ အကြီးရော၊ အသေးရော အသံတွေကြားနေရတယ်။ မနေ့ညတည်းက ကံစီးအလွန်ဘက်က အသံတွေ ကြားနေရတယ်တဲ့။ အခုတော့ အတော်နီးနီးက ကြားနေရတယ် "ဟု ဒေသခံတစ်ဦးက ဆိုသည်။

ကံစီးရွာ တစ်ဖက်ကမ်း နမ်ဂျန်​အောင်လျဲန်၊ ဆိုင်းဂျာနှင့် ဂါခရန် စစ်​ကောင်စီ စခန်း သုံးခုကို KIAမှ ယမန်နေ့ ည​နေက​ သွားတိုက်ခဲ့ခြင်းဖြစ်ပြီး ယ​နေ့နံနက်တွင် သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်ဟု ဒေသတွင်း မီဒီယာတစ်ခုဖြစ်သည့် Kachinwaves မီဒီယာက ဖော်ပြထားသည်။

အဆိုပါ စခန်းများသည် စစ်​ကောင်စီတပ် အင်အား ၁၀၀ ​ကျော်​စီ ရှိသည့် တပ်စခန်းများဖြစ်​ကြောင်းလည်း သိရသည်။

တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို မဇ္စျိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required