တရုတ်၏ စစ်ရေး ရန်လိုမှုသည် ထိုင်ဝမ်နှင့် ဆက်ဆံရေး ခိုင်မာစေရန် ဥရောပကို တွန်းအားပေးနေ

တရုတ်၏ စစ်ရေး ရန်လိုမှုသည် ထိုင်ဝမ်နှင့် ဆက်ဆံရေး ခိုင်မာစေရန် ဥရောပကို တွန်းအားပေးနေ

တရုတ်၏ ရန်လိုမှုသည် ဥရောပကို ထိုင်ဝမ်နှင့် ပိုမိုနီးကပ်စေသည်ဟု ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၄ရက်တွင် ပြောကြားခဲ့သည်။

ဥရောပပါလီမန်၏ နိုင်ငံခြားရေးရာ ဝင်ရောက်ဆောင်ရွက်မှုဆိုင်ရာ အထူးကော်မတီ၏ ဥက္ကဌ ရာဖေး ဂလတ်ခ်စ်မန်က ထိုင်ဝမ်အား ဥရောပနိုင်ငံများက အခိုင်အမာထောက်ခံကြောင်း ပြင်သစ်သတင်းစာ Liberation နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့ကြောင်း ထိုင်ဝမ်သတင်းက ဖော်ပြခဲ့သည်။

နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ ထိုင်ဝမ်သို့ သွားရောက်ခဲ့သည့် ဥရောပမစ်ရှင်သည် ဥရောပရှိ နိုင်ငံရေး အင်အားစုများ အားလုံးသည် ထိုင်ဝမ်နှင့် ထိတွေ့ဆက်ဆံခြင်း၏ အရေးပါမှုကို အသိအမှတ်ပြုကြောင်း ကမ္ဘာကြီးသို့ သတင်း စကားပေးပို့ရန် ရည်ရွယ်သည်ဟု ရာဖေး ဂလတ်ခ်စ်မန်က ပြောကြားခဲ့သည်။

တရုတ်၏ 'လိုအင်ဆန္ဒများ' သည် ထိုင်ဝမ်တွင်သာမက ထိုင်ဝမ်ကျွန်းကိုကျော်လွန်သွားသည်ဟု ရာဖေး ဂလတ်ခ်စ်မန်က ပြောကြားခဲ့ကြောင်း ထိုင်ဝမ်သတင်းက ဖော်ပြခဲ့သည်။

"တရုတ်ရဲ့ လိုအင်ဆန္ဒတွေက ထိုင်ဝမ်ကို ကျော်လွန်သွားပြီး အရေးယူရန် ပျက်ကွက်ပါက တရုတ်ရဲ့ အလိုအဆန္ဒတွေက အဆုံးမသတ်ဖြစ်လာပါလိမ့်မယ်" ဟု ၎င်းက စောဒကတက်ခဲ့သည်။

ဥရောပပါလီမန်၏ ကိုယ်စားလှယ်အဖွဲ့သည် စွက်ဖက်မှုနှင့် ခြယ်လှယ်မှုများကို ဖြေရှင်းရာတွင် ထိုင်ဝမ်၏ အတွေ့အကြုံများကို လေ့လာရန် ရည်ရွယ်ချက်ဖြင့် ဒီမိုကရေစီကျွန်း ထိုင်ဝမ်သို့ လာရောက်လည်ပတ်ပြီးနောက် ယခုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံခြားအရေးကိစ္စများတွင် ပါဝင်မှုနှင့် သတင်းအချက်အလက်မှားများဆိုင်ရာ အထူးကော်မတီ (INGE) ၏ အဖွဲ့ဝင် ၇ ဦးသည် ထိုင်ဝမ်သမ္မတ စိုင်အမ်ဝမ်၊ ထိုင်ဝမ်အာဏာပိုင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့် တွေ့ဆုံခဲ့ပြီး မဟုတ်မမှန်လုပ်ကြံသတင်းပေးလှုံ့ဆော်မှုများနှင့် အခြားပေါင်းစပ်တိုက်ခိုက်မှုများကို တိုက်ဖျက်ရန် ထိုင်ဝမ်၏ ဆန်းသစ်သောနည်းစနစ်အကြောင်း ဆွေးနွေးခဲ့ကြသည်။

ထိုင်ဝမ်သို့ ဥရောပပါလီမန်၏ ပထမဆုံး တရားဝင်ခရီးစဉ်ဖြစ်ကြောင်း ဥရောပပါလီမန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly