တရုတ်၏ စစ်ရေး လှုပ်ရှားမှုများကြောင့် ထိုင်ဝမ်ရေလက်ကြားပြဿနာကို နိုင်ငံတကာအရေးအဖြစ် ပြောင်းလဲရန် ကျွမ်းကျင်သူ တောင်းဆို

တရုတ်၏ စစ်ရေး လှုပ်ရှားမှုများကြောင့် ထိုင်ဝမ်ရေလက်ကြားပြဿနာကို နိုင်ငံတကာအရေးအဖြစ် ပြောင်းလဲရန် ကျွမ်းကျင်သူ တောင်းဆို

ထိုင်ဝမ်ရေလက်ကြား၌ တရုတ်၏ ရန်စသော စစ်ရေးလှုပ်ရှားမှုများဖြစ်ပေါ်နေချိန်တွင် ကျွမ်းကျင်သူ တစ်ဦးက ထိုင်ဝမ်ရေလက်ကြားပြဿနာကို နိုင်ငံတကာအရေးအဖြစ် ပြောင်းလဲသတ်မှတ်ရန် တောင်းဆိုခဲ့သည်။

Global Taiwan Institute ၏ ဒါရိုက်တာဖြစ်သော ရပ်ဆယ်စီအောင်းက ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်ဟု ထိုင်ဝမ်သတင်းက ဖော်ပြသည်။

ထိုင်ဝမ်အရေးကို နိုင်ငံတကာအဖွဲ့အစည်းများအတွင်း ပြည်တွင်းရေးကိစ္စအဖြစ်ထားရှိရန် တရုတ်က နိုင်ငံတ ကာဥပဒေကို အလွဲသုံးစားလုပ်မှု အောင်မြင်ခြင်းကြောင့် နိုင်ငံတကာအရေးအဖြစ် ပြောင်းလဲရန်မှာ ယခု အချိန်တွင် ပို၍အရေးကြီးကြောင်း စီအောင်းက ပြောကြားခဲ့ပါသည်။

အဆိုပါ နည်းလမ်းဟောင်းသည် ထိုင်ဝမ်၏ အရေးပါမှုကို နိုင်ငံတကာအသိုက်အဝန်း မျက်နှာစာတွင် ပျံ့လွင့်စေသည်ဟု စီအောင်းက ပြောကြားခဲ့ပါသည်။

တရုတ်အား မဟာဗျူဟာမြောက်တားဆီးရန် ရေလက်ကြားကိစ္စကို နိုင်ငံတကာအရေးအဖြစ် အသွင်ပြောင်းလဲရေးသည် လုံလောက်စွာ ဖိအားပေးနိုင်ခြင်း မရှိသေးကြောင်း စီအောင်းက ယခင်ကလည်း ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ စီးပွားရေးသည် နိုင်ငံတကာ ကုန်ပစ္စည်းအရောင်းအဝယ်များအတွက် မည်မျှအရေးကြီးကြောင်း သိသာ ထင်ရှားစေပြီး ထိုင်ဝမ်အပေါ် တိုက်ခိုက်မှု၏ သက်ရောက်မှုများကို ကမ္ဘာတစ်ဝန်းလုံးက ခံစားရမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ထို့အတူ အမေရိကန်က ထိုင်ဝမ်ရေလက်ကြားနှင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း တည်ငြိမ်မှုကို ပျက်ပြားစေရန် တရုတ်၏ လုပ်ဆောင်မှုများအပေါ် စိုးရိမ်ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို ကာကွယ်ရန် ကူညီပေးမည့် ယင်း၏ ကတိကဝတ်ကိုလည်း ထပ်မံ အတည်ပြု ခဲ့သည်။

ရပ်ဆယ်စီအောင်း ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်သည့် အမေရိကန် အခြေစိုက် Global Taiwan Institute ၏ ရည်ရွယ်ချက်သည် ထိုင်ဝမ်နှင့် ပြည်လူများအကြောင်း ပိုမိုကောင်းမွန်သော လူအများနားလည်မှုကို မြှင့်တင်ပေးသည့် မူဝါဒသုတေသနနှင့် အစီအစဉ်များမှတစ်ဆင့် ထိုင်ဝမ်နှင့် အခြားနိုင်ငံများ အထူးသဖြင့် အမေရိကန်တို့အကြား ဆက်ဆံရေးကို မြှင့်တင်ရန် ဖြစ်သည်။ (ANI)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly