နိုဝင်ဘာ ၁၂ ရက်နေ့၊ ည ၉ နာရီအချိန်ထိနောက်ဆုံးရသတင်း

နိုဝင်ဘာ ၁၂ ရက်နေ့၊ ည ၉ နာရီအချိန်ထိနောက်ဆုံးရသတင်း

နိုဝင်ဘာလ ၁၂ ရက်

ဖာပွန်လမ်းမှာ စစ်ကောင်စီနှင့် BGF တပ် ၁၁၀ ကျော်ထိခိုက်၊ သေဆုံးမှုရှိခဲ့ပြီး အလောင်းတွေကို လမ်းဘေးမှာ ဖြစ်သလို မြှုပ်သွားတဲ့ ဗွီဒီယိုဖိုင်ပေါ်ထွက်လာပါတယ်။

ပြည်မြို့-PDF တပ်နှင့် စစ်ကောင်စီတပ်တို့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ သာသနာရေးဝန်ထမ်း အယောက်၂၀ ကို NUG က အမည်ပျက်စာရင်း ကြေညာလိုက်ပါပြီ။

မအူပင်ရဲတပ်ဖွဲ့ ရိုက်နှက်လို့ ကိုယ်ဝန် ၂ လနှင့် အမျိုးသမီးသေဆုံးသွားပါတယ်။

အာရှ-ပစိဖိတ်မှာ စစ်အေးခေတ်တင်းမာမှုပုံစံပြန်ဖြစ်လာနိုင်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က သတိပေးပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly