ဘာလိုချီစတန်တက္ကသိုလ်မှ ကျောင်းသား ၂ ဦးကို ပါကစ္စတန်တပ်ဖွဲ့များ အဓမ္မခေါ်ဆောင်သွား

By Latestly
11 November 2021
ဘာလိုချီစတန်တက္ကသိုလ်မှ ကျောင်းသား ၂ ဦးကို ပါကစ္စတန်တပ်ဖွဲ့များ အဓမ္မခေါ်ဆောင်သွား

ပါကစ္စတန်တပ်ဖွဲ့များသည် ကွက်တားမြို့ရှိ ဘာလိုချီစတန်တက္ကသိုလ်မှ ကျောင်းသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရပြီး ၎င်းတို့ကို မည်သည့်နေရာမှန်း မသိရသော နေရာတစ်ခုသို့ ပြောင်းရွှေ့ထားခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။

ပါကစ္စတန်တပ်ဖွဲ့များသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်က တက္ကသိုလ် ဘော်ဒါဆောင်မှ ကျောင်းသားနှစ်ဦးကို အတင်းအကျပ် ပျောက်ကွယ်သွားစေအောင် လုပ်ခဲ့ခြင်းပင်ဖြစ်ကြောင်း သတင်းဖော်ပြချက်များကို ကိုးကားပြီး The Balochistan Post က ဖော်ပြသည်။

အဓမ္မ ခေါ်ဆောင်သွားခံရသူများမှာ လယ် မိုဟာမက်ဆိုသူ၏ သားဖြစ်သူ ဆိုးဟေးလ် အာမက်ဒ်နှင့် ဖာဆီ ဘာလို့ချ်တို့ ဖြစ်ကြောင်း သိရသည်။ နှစ်ဦးစလုံးသည် ဘာလိုချီစတန်ပြည်နယ် နော့ရှ်ကီ ခရိုင်တွင် နေထိုင်သူများဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ကျောင်းသားများ၏ ဘော်ဒါဆောင်ကို ဝင်ရောက်စီးနင်းမှုများကို ဆန့်ကျင်ပြီး ဘာလိုချီစတန်တက္ကသိုလ်ကျောင်းသားများက ဆန္ဒပြမှုတစ်ခု လုပ်ဆောင်ရန် ဆော်သြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly