နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မာလာလာ ထိမ်းမြားလက်ထပ် 

နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မာလာလာ ထိမ်းမြားလက်ထပ် 

နိုဝင်ဘာ ၁၀

ဘာမင်ဂန်က အစ္စလာမ္မစ် အခမ်းအနားတစ်ခုတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာလာလာ ယူဆွတ်ဇိုင်းသည် သူ၏ ချစ်သူဖြင့် ထိမ်းမြားလက်ထပ်ခဲ့သည်။ 

သတို့သားနှင့် သတို့သမီးတို့ လက်ထပ်ကြရန် သဘောတူသစ္စာစောင့်သိသော အစ္စလာမ္မစ် ထုံးစံ နိကာရှ်အခမ်းအနားအား သူနှင့် ချစ်သူ အက်ဆာမာလစ်တို့က ကျင်းပခြင်းဖြစ်သည်။ 

အသက် ၂၄ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ မာလာလာက သူ့ ဘဝတွင် ‘တန်ဖိုးမဖြတ်နိုင်သော နေ့’ ဟု ပြောဆိုသည်။ 

ပါကစ္စတန် အမျိုးသမီးရေး တက်ကြွလှုပ်ရှား မာလာလာသည် ၂၀၁၂ ခုနှစ်က တာလီဘန်များ၏ သေနတ်ဖြင့် ဦးခေါင်းအား ပစ်ခတ်ခံရပြီးနောက် အနောက်မစ်လန်းအရပ်တွင် ခိုလှုံနေထိုင်နြေခင်း ဖြစ်သည်။ 

“အက်ဆာနဲ့ ကျွန်မတို့ဟာ ဘဝတစ်သက်တာ လက်တွဲဖော်အဖြစ် စုလျားရစ်ပတ်ကြပါပြီ”ဟု အင်္ဂါနေ့၌ တွစ်တာတွင် မာလာလာက ရေးသားသည်။ ‘မိသားစုနှင့်အတူ နိကာရှ်အခမ်းအနား အသေးစား ကျင်းပခဲ့ပုံ’ကို သူက တွစ်တာတွင် ဝေမျှခဲ့သည်။ 

“ရှေ့ဆက်ရမယ့် ခရီးအတွက် အတူတကွ လျှောက်လှမ်းကြဖို့ ကျွန်မတို့ စိတ်လှုပ်ရှားနေပါတယ်”ဟု သူက ဖြည့်စွက်ဆိုသည်။ 

လက်ရှိ၌ အသက် ၂၄ နှစ်ရှိနေပြီဖြစ်သော မာလာလာသည် ပါကစ္စတန်၌ ရှိစဉ် အသက် ၁၅ နှစ်သမီးအရွယ်က မိန်းကလေးများ စာသင်ကြားခွင့် အခွင့်အလမ်းအတွက် ပြောဆိုမှုကြောင့် တာလီဘန်တို့၏ ပစ်မှတ်ဖြစ်ခဲ့သည်။ 

အနောက်မြောက်ပိုင်း ဆွတ်တောင်ကြား၌ စစ်သွေးကြွတစ်ဦးက ကျောင်းကားပေါ် တက်လာကာ မာလာလာအား ပစ်ခတ်ခဲ့ခြင်း ဖြစ်သော်လည်း အသက်ရှင်သန်ခဲ့သည်။ 

သေလောက်သည့် ဒဏ်ရာမှ ပြန်လည်နာလန်ထူလာပြီးနောက် သူနှင့် သူ့မိသားစုသည် ဘာမင်ဂန်သို့ ရွှေ့ပြောင်းခဲ့ပြီး ယင်းအရပ်အား သူက ‘ဒုတိယအိမ်အဖြစ် ပြောဆိုသည်။ အသက် ၁၇ နှစ်အရွယ်တွင် နိုဘယ်ငြိမ်းချမ်းရေးစုရရှိသည့် အသက်အငယ်ဆုံးသောသူ ဖြစ်လာခဲ့သည်။ ယင်းနောက်၌ အောက်စဖို့ဒ်တက္ကသိုလ် တက်ရောက်ခဲ့ပြီး လူ့အခွင့်အ‌ရေး ဦးဆောင်တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်လာခဲ့သည်။ 
တက္ကသိုလ် ဘွဲ့ယူစဉ်၌လည်း အာဖဂန်ဒုက္ခသည်များအတွက် ပို၍ ထောက်ပံရန် တိုက်တွန်းပြောဆိုခဲ့သ်။ ထိုပြင် မှတ်တမ်းရုပ်ရှင်များ ထုတ်လုပ်ရန်အတွက် Apple TV+ နှင့် စာချုပ်ချုပ်ခဲ့သကဲ့သို့ British Vogue တွင်လည်း ပါဝင်ခဲ့သည်။  
မိန်းကလေးများ ပညာသင်ကြားခွင့် တိုးတက်ကောင်းမွန်ရေးကိုလည်း တစ်စိုက်မတ်မတ် ဆက်လက်လုပ်ကိုင်ဆောင်ရွက်နေခဲ့သူပဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required