မီဒီယာအပေါ် ကွန်မြူနစ်ပါတီ ၏ထိန်းချုပ်မှု ပိုမိုအားကောင်းစေမည့်အစီအစဉ်များ တရုတ်အစိုးရ ထုတ်ပြန်

မီဒီယာအပေါ် ကွန်မြူနစ်ပါတီ ၏ထိန်းချုပ်မှု ပိုမိုအားကောင်းစေမည့်အစီအစဉ်များ တရုတ်အစိုးရ ထုတ်ပြန်

မီဒီယာအပေါ်တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ထိန်းချုပ်မှုကို ပိုမိုအားကောင်းစေမည့် အစီအစဉ်များကို တရုတ်အစိုးရသည် မကြာသေးမီက ထုတ်ပြန်လိုက်သည်။

တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်သည် "တရားမဝင် သတင်းနှင့် မီဒီယာနှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများ" ဆိုင်ရာ တားမြစ်ချက်အသစ်တစ်ခု ပါဝင်သည့် ‘Negative Market Access List (2021)’ ကို အောက်တိုဘာလအစောပိုင်းက ထုတ်ပြန်ခဲ့သည်ဟု Washington Times သတင်းတွင် ဖော်ပြထားသည်။

အဆိုပါစာရင်းသည် သတင်းစုဆောင်းခြင်း၊ တည်းဖြတ်ခြင်းနှင့် ရုပ်သံထုတ်လွှင့်ခြင်းတို့ကို ရန်ပုံငွေထောက်ပံ့ရန်၊ သတင်းအဖွဲ့အစည်းများ တည်ထောင်ခြင်းနှင့် လည်ပတ်ခြင်းတွင် ရင်းနှီးမြှုပ်နှံရန်၊ သို့မဟုတ် သတင်းအဖွဲ့အစည်းများ၏ ဝက်ဘ်ဆိုက်စာမျက်နှာများ၊ ရေဒီယိုလှိုင်းနှုန်းများ၊ ရုပ်မြင်သံကြားလိုင်းများ၊ သတင်းစာကော်လံများနှင့် သတင်းအဖွဲ့အစည်းများ၏လူမှုမီဒီယာအကောင့်များကို လည်ပတ်ဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များအတွက် အများပြည်သူနှင့်မဆိုင်သော ရင်းနှီးငွေအသုံးပြုမှုကို အတိအလင်းတားမြစ်လိုက်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ကြီးမားသောနည်းပညာမှသည် ဖျော်ဖြေရေးလုပ်ငန်းအထိနှင့် တရုတ်နယ်နိမိတ်အလွန် လက်လှမ်းမီသည်အထိ ၎င်း၏ ဗြောင်ကျကျ ဆင်ဆာဖြတ်တောက်မှု ကြိုးပမ်းချက် များကို လုပ်ဆောင်နေသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

သမ္မတ ရှီကျင့်ဖျင်၏ ကွန်မြူနစ်ပါတီက ‘၅နှစ် အုပ်ချုပ်မှုစီမံချက်’ကို မကြာသေးခင်က စတင်လိုက်ခြင်းနှင့် အတူ တရုတ်သည် ပုဂ္ဂလိကကဏ္ဍအပေါ် ဖြိုခွင်းမှုကာလကိုလည်း သက်တမ်းထပ်တိုးခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီသည် နည်းပညာကုမ္ပဏီကြီးများမှသည် ဖျော်ဖြေရေးစီးပွားရေးလုပ်ငန်းနှင့် နယ်နိမိတ်အလွန်အထိ ဆင်ဆာဖြတ်တောက်မှုကို သိသိသာသာ တိုးမြှင့်လိုက်ကြောင်း ကမ္ဘာလုံးဆိုင်ရာ အကြံပေးအဖွဲ့ဖြစ်သည့် မူဝါဒသုတေသနအဖွဲ့ (POREG) က ဆိုသည်။

ရှီကျင့်ဖျင်၏ အုပ်ချုပ်မှုအောက်၌ လွန်ခဲ့သည့်၁၀စုနှစ်များအတွင်း တရုတ်နိုင်ငံသားများ၏ သတင်းအချက်အလက် သိရှိနိုင်သည့်ခေတ်သည် ကြပ်တည်းလာသည်ဟု အဆိုပါ အဖွဲ့က ထည့်သွင်း ပြောကြားသည်။

ကွန်မြူနစ်အစိုးရသည်ပင်လျှင် အာဖရိက၊ အာရှ-ပစိဖိတ်ဒေသနှင့် ဥရောပနှင့် လက်တင်အမေရိကနိုင်ငံများတွင် အတိုင်းအတာတစ်ခုအထိ လုပ်ကြံစိတ်ကူးယဉ်သောဇာတ်ကြောင်းကို ပျံ့နှံ့ရန် ကြိုးပမ်းလာသည်။

ကွန်မြူနစ်ပါတီ သည် တရုတ်နိုင်ငံတွင် မီဒီယာများကို တင်းကျပ်စွာချုပ်ကိုင်နေသလို နိုင်ငံပြင်ပရှိ လွတ်လပ်သောစာနယ်ဇင်းများကို အပြည့်အဝအသုံးချရန် စိတ်အားထက်သန်စွာ ရည်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly