စစ်ကောင်စီတပ်၏ တစ်လနီးပါး ဖမ်းချုပ်ခံရသူ သေဆုံး၊ ရုပ်အလောင်းမပါသည့် သေဆုံးခြင်းဆုတောင်းပွဲ ပြုလုပ်ရ

စစ်ကောင်စီတပ်၏ တစ်လနီးပါး ဖမ်းချုပ်ခံရသူ သေဆုံး၊ ရုပ်အလောင်းမပါသည့် သေဆုံးခြင်းဆုတောင်းပွဲ ပြုလုပ်ရ

ဟားခါး၊နိုဝင်ဘာ-၉

ချင်းပြည်နယ်၊ ဟားခါးမြို့ စစ်ကောင်စီတပ်မှ တစ်လနီးပါး ဖမ်းချုပ်ထားသည့် ကလေးသုံးယောက် ဖခင် Pu Rual Cung (၂၄)နှစ်သည် သေဆုံးသွား၍ မိသားစုဝင်က ရုပ်အလောင်းမပါဘဲ သေဆုံးခြင်း ဆုတောင်းပွဲပြုလုပ်ရကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်က ဟားခါးမြို့ပြင် နှီယာန်လောန်ထာရ်ရွာတွင် ဖမ်းဆီးခံရသည့် Pu Rual Cung သည် ဖမ်းဆီးခံရသည့် နေ့မှစ၍ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက် နေခြင်းဖြစ်သည်။

''သူသေသွားပြီဆိုတာ မနေ့ (နို၀င်ဘာလ ၈ရက်)မနက်က သိရတယ်''ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

သေဆုံးသွားသည့် Pu Rual Cung ၏ နာရေးဝမ်းနည်းအောက်မေ့ဖွယ်ဆုတောင်းခြင်း အစီအစဉ်ကို ရုပ်အလောင်းမပါဘဲ ယမန်‌နေ့ နိုဝင်ဘာလ ၈ရက် ညပိုင်းက ပြုလုပ်ခဲ့ကြသည်ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် မေလကလည်း ဟားခါးမြို့ရှိ စစ်‌‌ကောင်စီတပ်မှ ဖမ်းဆီးထားသည့် ဦးတလဲရ်လိန်း (၅၇)နှင့် ဦးခမ်းဘွေ (၂၇) တို့ နှစ်ဦး သေဆုံးခဲ့ပြီး အလောင်းဖျောက်ပစ်ခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။

Photo - The Chin Journal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required