ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၀ ရဲကင်းတိုက်ခိုက်ခံရကာ ရဲ ၅ ဦးသေဆုံးပြီး သေနတ်အချို့ပါသွား

ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၀ ရဲကင်းတိုက်ခိုက်ခံရကာ ရဲ ၅ ဦးသေဆုံးပြီး သေနတ်အချို့ပါသွား

နိုဝင်ဘာ ၉

ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၀ ရှိ ရဲကင်းတိုက်ခိုက်ခံရကာ ရဲငါးဦးသေဆုံးပြီး သေနတ်အချို့ပါသွားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက်အစောပိုင်းက ဝင်ရောက် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရဲများ၏ သေနတ်အချို့ပါသွားခြင်းဖြစ်သည်။

သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအနက် လေးဦးမှာပွဲချင်းပြီးသေဆုံးကာ တစ်ဦးမှာ ဆေးရုံသို့ ရောက်ရှိပြီးမှ သေဆုံးခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက မဇ္ဈိမ သို့ပြောသည်။

ယင်းရဲကင်းမှာစခန်းမှာ ဖြူးမြို့နယ်အပိုင်တွင်တည်ရှိကာ ဒေသအခေါ်အရ စေတီတစ်ထောင်ရဲကင်းဟုခေါ်ဆိုကြောင်း ဒေသခံအချို့ကပြောသည်။

အခင်းဖြစ်နေရာအနီးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးခဲ့ပြီး အမြန်လမ်းတစ်လျှောက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly