တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဂျာမနီအနေဖြင့် လျစ်လျူရှုရန် ပို၍ခက်ခဲလာ

တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဂျာမနီအနေဖြင့် လျစ်လျူရှုရန် ပို၍ခက်ခဲလာ

တရုတ်ဈေးကွက်သို့ ဆယ်စုနှစ်ပေါင်း များစွာကပင် အချိန်စောစောဝင်ရောက်ခဲ့သည့် ဂျာမန်စက်မှုလုပ်ငန်းများ သည် တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ယခင်က မသိကျုးကျွံပြုခဲ့သော်လည်း ယခုအခါ ဂျာမနီ အတွက် လျစ်လျူရှုရန် ပို၍ခက်ခဲလာခဲ့သည်။

တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်က နိုင်ငံကို တင်းတင်းကြပ်ကြပ်စောင့်ကြည်မှု၊ အိမ်နီးချင်းများကို ခြိမ်းခြောက် မှုနှင့် အနောက်နိုင်ငံများကို ရန်လိုသော ပြောဆိုမှုများကြောင့် ဂျာမန်စီးပွားရေးလုပ်ငန်းများသည် တရုတ်တွင် လုပ်ကိုင်ရ ခက်နေသည်ဟု Politico တွင် မက်သရူး ကာနစ်ချီနစ်နှင့် လူရင့်ဇ် ဂတ်ချ်ရက်ခ်တို့က ရေးသားခဲ့သည်။

Siemens နှင့် Volkswagen ကဲ့သို့သော လုပ်ငန်းများသည် တရုတ်အား ဂျာမနီ၏ အကြီးဆုံးကုန်သွယ်ဖက် အဖြစ် ပြောင်းလဲရန် အထောက်အကူဖြစ်စေခဲ့သလို ယင်းတို့၏ မန်နေဂျာများနှင့် အင်ဂျင်နီယာများသည် ပို့ကုန်လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ပုံဖော်ထားသည့် ဂျာမနီ၏ တရုတ်နိုင်ငံအပေါ် မဟာဗျူဟာသည် ရေရှည်အဆင်ပြေရန် မဖြစ်နိုင်တော့ပေ။

တရုတ်နှင့် အခြားသက်ဦးဆံပိုင်နိုင်ငံများအပေါ် ဂျာမနီ၏ ချဉ်းကပ်မှုကို ပြန်လည်စဉ်းစားရန် တောင်းဆိုရာတွင် ထင်ရှားသောနိုင်ငံရေးသမားများနှင့် ဂျာမန်စက်မှုလုပ်ငန်း ထိပ်တန်းကုမ္ပဏီများသည် ပူးပေါင်းလုပ်ဆောင်နေ ကြောင်း မက်သရူး ကာနစ်ချီနစ်နှင့် လူရင့်ဇ် ဂတ်ချ်ရက်ခ်တို့က ရေးသားခဲ့သည်။

“လူ့အခွင့်အရေးဆိုတာက နိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စမဟုတ်ပါဘူး” ဟု ဂျာမန်စက်မှုလုပ်ငန်းအဖွဲ့ချုပ် (BDI) ၏ အကြီးအကဲ ရစ်ဝမ် က ပြောကြားခဲ့ပြီး အစိုးရက လုပ်ဆောင်သည်ကို စောင့်ဆိုင်းနေခြင်းထက် ကုမ္ပဏီများသည် ယင်းတို့၏ ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ် အတွက် ကန့်သတ်တားမြစ်ချက်များကို စောင့်စည်းရမည့် တာဝန်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

တရုတ်ပြည်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများစွာကဲ့သို့ပင်၊ ဂျာမန်ကုမ္ပဏီများသည် နောက်ဆုံးတွင် ပြည်တွင်း ကုမ္ပဏီများနှင့် မျှတစွာ ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ကာလကြာရှည်ကတည်းက ယုံကြည်ခဲ့ကြသော်လည်း သမ္မတရှီက နိုင်ငံခြားကုမ္ပဏီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ထားခြင်းကြောင့် ယင်းတို့က အခြားနည်းလမ်းများကို စဉ်းစားလာခဲ့ကြသည်ဟု Politico က ဖော်ပြခဲ့သည်။

ယခုအခါ ဥရောပလုပ်ဖော်ကိုင်ဖက်များထက် တရုတ်နိုင်ငံနှင့် ပိုမိုထိတွေ့နေရသည့် ဂျာမန်စီးပွားရေး လုပ်ငန်း များသည် အရေးကြီးသော ကုန်သွယ်ရေးဆက်ဆံရေးကို ထိန်းသိမ်းရန်နှင့် ဂျာမနီမှ နှစ်သက်မြတ်နိုးစွာ ဆုပ်ကိုင်ထားသည့် လစ်ဘရယ်စံနှုန်းများကို လိုက်နာခြင်းအကြားတွင် ခက်ခဲ့သော ရွေးချယ်မှုနှင့် ရင်ဆိုင်နေရသည်။

တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်သည့် အစီရင်ခံစာများရှိနေချိန်တွင် ကုန်သွယ်မှုကို မည်သို့ ထိန်းသိမ်း ထားမည်နည်းဟု မေးမြန်းရာတွင် Siemens ၏ ပြောရေးဆိုခွင့်ရှိသူက လုပ်ငန်းစုကြီးသည် “ဖိနှိပ်မှုနှင့် လူ့အခွင့် အရေးချိုးဖောက်မှုတွင် ပါဝင်မှုပုံစံအားလုံးကို လုံးလုံးလျားလျား ကန့်ကွက်သည်” ဟု အီးမေးလ်မှ ပေးပို့သော ကြေညာချက်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly