TikTok ကုမ္ပဏီက အလုပ်လုပ်ချိန်များကို လျှော့ချ

By The Washington Post
07 November 2021
TikTok ကုမ္ပဏီက အလုပ်လုပ်ချိန်များကို လျှော့ချ

TikTok လုပ်ငန်းကို ပိုင်ဆိုင်ထားသည့် ByteDance ကုမ္ပဏီသည် ဝန်ထမ်းများအား အချိန်ပိုမဆင်းစေရန် နိုဝင်ဘာ ၁ ရက်က စည်းမျဉ်းအသစ်များကို အကောင်အထည်ဖော်ခဲ့ပြီး "၉-၉-၆" အလုပ်လုပ်သည့်ပုံစံ ဖြစ်သည့် ပင်ပန်းသည့်စနစ်ကို ဆန့်ကျင်သည့် ပထမဆုံးသော တရုတ်နည်းပညာကုမ္ပဏီများထဲမှ တစ်ခုဖြစ်လာသည်။

ဝန်ထမ်းများသည် ည ၇ နာရီထက် ကျော်လွန်၍ အလုပ်မလုပ်သင့်ကြောင်း နှင့် ထိုအချိန်ထက် ကျော်လွန်နေမည်ဆိုပါက ကြိုတင်ခွင့်ပြုချက် ရယူသင့်ကြောင်း ကုမ္ပဏီက ဝန်ထမ်းများကို မှာကြားထားသည်။

ပြင်းထန်သည့် အလုပ်ပုံစံဖြစ်သော ၉-၉-၆ တွင် ဝန်ထမ်းများသည် နံနက် ၉ နာရီမှ ည ၉ နာရီအထိ၊ တစ်ပတ်လျှင် ၆ ရက် အလုပ်လုပ်ရခြင်းဖြစ်သည်။

“နိုဝင်ဘာ ၁ ရက် စတင်အ သက်ဝင်တဲ့ မူဝါဒအသစ်ဟာ ဝန်ထမ်းတွေကို ပုံမှန်အလုပ်ချိန်ပြင်ပမှာ အလုပ်လုပ်ဖို့ အားမပေးတော့ပါဘူး။ စနစ်အသစ်ဟာ ဝန်ထမ်းတွေအနေနဲ့ ကျိုးကြောင်းဆီလျော်တဲ့ လျော်ကြေးငွေကို တောင်းဆိုနိုင်တယ်လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်” ဟု ByteDance ၏ ပြည်သူ့ဆက်ဆံရေးအရာရှိ ဖန်နင်းက ပြောသည်။

မနက် ၁၀ နာရီမှ ည ၇ နာရီအထိ တစ်ပတ် ၅ ရက်အလုပ်လုပ်သော မူဝါဒ (Weibo အသုံးပြုသူများအခေါ် ၁၀-၇-၅) သည် အလုပ်သမားအပေါ်ဆက်ဆံမှုနှင့်ကုမ္ပဏီအလေ့အထနှင့်ပတ်သက်၍ ပြည်သူနှင့်အစိုးရ၏

တုံ့ပြန်မှုနှင့်ရင်ဆိုင်နေရသော တချိန်က အလွန်အောင်မြင်သော နည်းပညာကုမ္ပဏီကြီးများ၏ တွက်ချက်လုပ်ဆောင်မှု ဖြစ်သည်။

နည်းပညာသမားများသည် ပြင်းထန်သော အလုပ်ချိန်နာရီများနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ စောဒက တက်ခဲ့ကြပြီး တစ်ချိန်က ၉-၉-၆ ကို "ကြီးမားသောအကျိုးကျေးဇူး" အဖြစ် ဖော်ပြခဲ့သော ဂျက်မား ကဲ့သို့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များက အဆိုပါ စောဒကများကို ပယ်ချခဲ့သည်။

တရုတ်နည်းပညာကုမ္ပဏီများတွင် ဝန်ထမ်းများသေဆုံးမှုဖြစ်စဉ် ဆက်တိုက်ဖြစ်လာပြီးနောက် တရုတ်ထိပ်တန်းတရားရုံးက ဩဂုတ်လတွင် ၉-၉-၆ အစဉ်အလာကို တရားမဝင်ကြောင်း ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly