ထိုင်ဝမ်ကို ကျူးကျော်ရေးအတွက် တရုတ်က ဉာဏ်ရည်တု နည်းပညာ အသုံးပြု၍ သဏ္ဍာန်တူ စစ်ပွဲဂိမ်းများ ဖန်တီးနေ

ထိုင်ဝမ်ကို ကျူးကျော်ရေးအတွက် တရုတ်က ဉာဏ်ရည်တု နည်းပညာ အသုံးပြု၍ သဏ္ဍာန်တူ စစ်ပွဲဂိမ်းများ ဖန်တီးနေ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်(PLA)သည် ထိုင်ဝမ်အား ကျူးကျော်စစ်ဆင်ရေးအတွက် ဉာဏ်ရည်တု နည်းပညာ (AI) ကို အသုံးပြု၍ သဏ္ဍာတန်တူ စစ်ပွဲဂိမ်းများဖန်တီးနေကြောင်း ဂျော့ဂျ်တောင်းတက္ကသိုလ်မှ လုံခြုံရေးနှင့် ခေတ်မီနည်းပညာစင်တာ (CSET) မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

'ထိန်းချုပ်လျှပ်စီး--တရုတ်စစ်တပ်က ဉာဏ်ရည်တုနည်းပညာကို အသုံးချပုံ' ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် တရုတ်က အဆိုပါနည်းပညာအား အသုံးပြုခြင်းကို ခြေရာခံ စောင့်ကြည့်ရန် PLA နှင့် နိုင်ငံပိုင် ကာကွယ်ရေးလုပ်ငန်းများမှ ကန်ထရိုက်ပေးထားသည့် AI နှင့် ဆက်စပ် ပစ္စည်း စာချုပ်ပေါင်း ၃၅၀ နီးပါးကို လေ့လာခဲ့သည်ဟု Taiwan News တွင် ဖော်ပြထားသည်။

"အထူးသဖြင့် PLA သည် အခြားအရာများအပြင် ပင်လယ်ရေအောက်ယာဉ်များ၊ စစ်ပွဲဂိမ်းဆိုင်ရာ ထိုင်ဝမ်စစ်ဆင်ရေးများ၊ အမေရိကန်ရေတပ်သင်္ဘောများကိုခြေရာခံရန်နှင့် စုံစမ်းထောက်လှမ်းသည့် လျှပ်စစ်ကိရိယာများ တပ်ဖြန့်ချခြင်းများကို ခြေရာခံရန်အတွက် ဒီဇိုင်းထုတ်ထားသည့် AI စနစ်များကို PLA မှ ဝယ်ယူနေကြောင်း CSET မှ သုတေသီ ရိုင်ဖီဒါဆတ်ခ်က ပြောကြားခဲ့သည်ဟု Taiwan News သတင်းတွင် ကိုးကားဖော်ပြထားသည်။

"တရုတ်ရဲ့ စစ်ဘက်-အရပ်ဘက် ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာက အမြတ်ဝေစု အစစ်အမှန်ကို ပေးဆောင်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ရရှိထားတဲ့ စာရင်းထဲက AI စက်ပစ္စည်း တင်သွင်းသူ ၂၇၃ ယောက် မှာ ၆၀ ရာခိုင်နှုန်းက ပုဂ္ဂလိက ကုမ္ပဏီတွေ ဖြစ်ပါတယ်။ အများစုဟာ အလွန်သေးငယ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာပဲ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။"

တရုတ်က မြေပြင်တိုက်ပွဲအတွေ့အကြုံအားနည်းတဲ့အတွက် စစ်ပွဲဂိမ်းကစားခြင်းကို မကြာခဏအသုံးပြုကာ တိုက်ခိုက်ရေးအစီအစဉ်များ၏ ထိရောက်မှုကို စမ်းသပ်ပြီး ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နေကြောင်း PLA တပ်မှူးတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အစီရင်ခံစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly