ကိုဗစ်ရောဂါဖြစ်ပွားမှုမြင့်တက်နေသည့် ကျန်းရှီးပြည်နယ်တွင် အပန်းဖြေစခန်းများပိတ်ကာ ယာဉ်အသွားအလာတားမြစ်

ကိုဗစ်ရောဂါဖြစ်ပွားမှုမြင့်တက်နေသည့် ကျန်းရှီးပြည်နယ်တွင် အပန်းဖြေစခန်းများပိတ်ကာ ယာဉ်အသွားအလာတားမြစ်

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေချိန်၌ ကျန်းရှီးပြည်နယ်အတွင်းရှိ အားလပ်ရက်အပန်းဖြေစခန်းတစ်ခုကို ပိတ်ထားသလို ဒေသတွင်း၌ ယာဉ်အသွားအလာကိုလည်း တားမြစ်ထားကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

တရုတ်အရှေ့ပိုင်း ယန်ရှန်းဒေသတွင် အဆိုပါအပန်းဖြေစခန်းတွင် ဝန်ထမ်းတစ်ဦးကို ကိုဗစ်-၁၉ ကူးစက်ပြီးနောက် ယင်းနေရာကို ပိတ်ထားကာ ယာဉ်အသွားအလာလည်း တားမြစ်ထားကြောင်း Global Times သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ စီရင်စု၌ ယာဉ်အသွားအလာကန့်သတ်ရန် မီးပွိုင့်မီးများကို အနီရောင်ပြောင်းထားရန် စီစဉ်ခဲ့သော်လည်း မူဝါဒသည် အောက်တိုဘာ ၃၁ က ပျက်ပြယ်ခဲ့သည်ဟု Global Times ၌ ဖော်ပြထားသည်။

အနီးရှိကျူကျန်းမြို့ရှိ အပန်းဖြေစခန်းတစ်ခုတွင် အလုပ်လုပ်သော အခြားသူတစ်ဦးသည်လည်း ရောဂါကူးစက်ခံခဲ့ရကြောင်း အောက်တိုဘာ ၃၀ တွင် သိရှိခဲ့သည်။

အဆိုပါအပန်းဖြေစခန်းနှင့်အနီးအနားရွာများသို့ အရေးပေါ်ကားမှအပ ယာဉ်အသွားအလာ ကန့်သတ်ထားသည်။

တရုတ်နိုင်ငံတွင် ရှန်ဟိုင်း၊ ကျဲ့ကျန်း၊ ကွမ်ရှီး၊ အတွင်းမိုဂိုလီးယား၊ တီယန်ကျင်း၊ ရှန်တုံး၊ ဟဲနန်၊ ဟူပေနှင့်ကွမ်တုန်း စသည့် ပြည်နယ်ဒေသတို့တွင် ပြည်ပမှကူးစက်သူ ၂၃ ဦးနှင့် ဟေးလုံကျန်း၊ အတွင်းမွန်ဂိုလီးယား၊ ကန်းစု၊ ရှန်တုန်း၊နင်းရှ၊ ယူနန်၊ ပေကျင်း၊ ကျန်းရှီး စသည် ပြည်နယ်ဒေသတို့မှ ပြည်တွင်းကူးစက်သူ ၄၈ ဦးရှိကာ စုစုပေါင်း ကူးစက်သူ ၇၁ ဦးတွေ့ရှိခဲ့သည်ဟု အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

တရုတ်ပြည်မကြီးတွင် ပြည်ပကူးစက်မှု အတည်ပြုလူနာ ၉ ၆၀၄ ဦးအထိရှိကာ သေဆုံးသူမရှိပေ။

ပြည်ပကူးစက်သူလူနာစုစုပေါင်း ၉ ၂၂၂ ဦးမှာ ဆေးကုသမှုခံယူပြီး ဆေးရုံမှဆင်းခွင့်ရခဲ့သည်။ အခြေအနေမစိုးရိမ်ရသည့် အတည်ပြုလူနာ ၃၈၂ ဦးရှိနေပြီး စောင့်ကြည့် သံသယလူနာ ၅ ဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly