ကျောင်းကုန်းမြို့ ဒိုးတန်းကျေးရွာရှိ Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

ကျောင်းကုန်းမြို့ ဒိုးတန်းကျေးရွာရှိ Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

နိုဝင်ဘာ ၅

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့၊ ဒိုးတန်းကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၅ ရက် မနက် ၅ နာရီအချိန်က စစ်ကောင်စီအဖွဲ့ပိုင် Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ ဖောက်ခွဲမှုကို ကျောင်းကုန်းမြို့ပြပြောက်ကျားတပ်ဖွဲ့( KGSTF)မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ဆိုလာပြားများနှင့် တာဝါတိုင်အောက်ခြေမှ စက်ပုံးများအားလုံးပျက်စီးသွားကြောင်း KGSTF အဖွဲ့ဝင်တစ်ဦးကပြောသည်။

မိုင်းပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်များနှင့်ရဲများက ဒိုးတန်းကျေးရွာရှိ Mytel တာဝါတိုင်ကို စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ပြောကြားချက်အရသိရသည်။

ယနေ့မနက်ပိုင်းက ဖျက်ဆီးခံခဲ့ရသော တာဝါတိုင်အပါအဝင် ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီအဖွဲ့ပိုင်သည့် Mytel တာဝါတိုင် ဖျက်ဆီးခံရမှု အကြိမ်၂၀ အထိရှိလာပြီဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ၏ မှတ်တမ်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly