အမေရိကန်က ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဒသမ ၅ သန်းကို ထိုင်ဝမ်သို့ ပေးပို့

အမေရိကန်က ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဒသမ ၅ သန်းကို ထိုင်ဝမ်သို့ ပေးပို့

အမေရိကန်က ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဒသမ ၅ သန်းကို ထိုင်ဝမ်သို့ ထပ်မံ ပေးပို့ခဲ့ရာ စုစုပေါင်း ၄ သန်းရှိသွားပြီဖြစ်သည်။

ကန်တက်စကီပြည်နယ်၊ လူးဝစ္စဘီလီမြို့မှ Moderna Inc (MRNA.O) ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုင်ဝမ်၏ China Airlines မှ အောက်တိုဘာ ၃၁ ရက်တွင် တင်ပို့လိုက်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ဆီက ကာကွယ်ဆေးတွေက အနှောင်အဖွဲ့တွေ မပါဝင်ဘဲ မျက်နှာလို မျက်နှာရ မဟုတ်သလို မက်လုံးပေးစည်းရုံးဖို့ လှူဒါန်းခဲ့တာလည်း မဟုတ်ပါဘူး” ဟု သမ္မဘဘိုင်ဒင်၏ အစိုးရအရာရှိတစ်ဦးက တရုတ်အနေဖြင့် ကာကွယ်ဆေးသံခင်းတမန်ခင်းကို အသုံးပြုကာ ပထဝီနိုင်ငံရေးအသာစီးရရန် ကြိုးပမ်း လုပ်ဆောင်မှုများကို ရည်ညွှန်း၍ ဝေဖန်ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ကမ္ဘာ့ကျန်းမာရေးကိစ္စများတွင် အရေးကြီးသည့် မိတ်ဖက်ဖြစ်ကြောင်းလည်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။

အမေရိကန်ကို ကျေးဇူးတင်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်းက ပြောကြားခဲ့သလို ယခုလှူဒါန်းမှုသည် အမေရိကန်က ထိုင်ဝမ်ကို အခိုင်အမာ ထောက်ခံကြောင်း ဖော်ပြခြင်းလည်း ဖြစ်ကြောင်း ပြောကြားသည်။

ထို်ငဝမ်က ကိုဗစ်ကာကွယ်ဆေးများ ဝယ်ယူမှုကို တရုတ်က နိုင်ငံရေး အကြောင်းပြချက်ဖြင့် ပိတ်ပင်ရန် ကြိုးပမ်းခဲ့သည်။

ဂျပန်၊ ချက်သမ္မတတနိုင်ငံ၊ ဆလိုဗက်ကီးယား၊ ပိုလန်နှင့် လစ်သူရေးနီးယားနိုင်ငံတို့က ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုင်ဝမ်သို့ ပေးပို့ခဲ့ရာတွင် ပြည်သူ ၇၀ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အနည်းဆုံး ၁ ကြိမ် ထိုးထားပြီဖြစ်ကာ လူဦး‌ေ ၂၄ သန်းရှိသည့်အနက် ၃၀ ရာခိုင််နှုန်းသည် ကာကွယ်ဆေး အပြည့်အဝထိုးပေးထားပြီး ဖြစ်သည်။

အခြားနိုင်ငံများသို့ ကာကွယ်ဆေးပေးပို့ရန် ဖိအားများကြောင့် အမေရိကန်အနေဖြင့် နို်ငငံပေါင်း ၁၀၀ ကျော်သို့ ကာကွယ်ဆေးလုံးရေ ၂၀၀ ထိုးပေးပြီးသွးပြီး ဖြစ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly