တရုတ်က လင်းနို့များကိုချစ်မြတ်နိုးကြောင်းသီချင်းဆိုသည့် ပေါ့ပ်အဆိုတော်အား အစိုးရက တားမြစ် ပိတ်ပင်

By The Time
03 November 2021
တရုတ်က လင်းနို့များကိုချစ်မြတ်နိုးကြောင်းသီချင်းဆိုသည့် ပေါ့ပ်အဆိုတော်အား အစိုးရက တားမြစ် ပိတ်ပင်

ထိုင်ဝမ်အပေါ် တရုတ်၏ ခြိမ်းခြောက်မှု၊ ကပ်ရောဂါ၌ တရုတ်၏အခန်းကဏ္ဍ၊ ဝီဂါများကိုဖိနှိပ်မှုနှင့် ဟောင်ကောင်တွင် ဒီမိုကရေစီနှိပ်ကွပ်မှုတို့ကို သွယ်ဝိုက်ရည်ညွှန်းပြောဆိုသော နာမည်ကျော်သီချင်းတစ်ပုဒ် ဖြင့် တရုတ်ကိုစော်ကားသည်ဟု စွပ်စွဲခံရသော တရုတ်-ဩစတြေးလျ အဆိုတော်တစ်ဦးကို တရုတ်အစိုးရက တားမြစ်ပိတ်ပင်မှု ပြုလုပ်လိုက်သည်။

ကင်ဘာလေချန်သည် မန်ဒရင်းဘာသာဖြင့်ဆိုထားသော ‘Fragile’ သီချင်းကိုထုတ်လွှင့်ပြီးနောက် တရုတ်၏အကြီးဆုံး လူမှုကွန်ရက် Weibo မှပျောက်ကွယ်သွားခဲ့ပြီး သူမ၏အယ်လ်ဘမ်များမှာလည်း တရုတ်အင်တာနက် စာမျက်နှာများတွင် မတွေ့ရတော့ပေ။

ချန်နှင့်ပူးတွဲသီဆိုသည့် မလေးရှားဟစ်ဟော့ပ်အဆိုတော်နမ်မီဝီးလည်း တားမြစ်ခံရမှုတွင် ပါဝင်သည်။

‘မင်းဟာမင်းရဲ့ခွေးလေးတွေ၊ကြောင်လေးတွေ၊ လင်းနို့တွေနဲ့ကြောင်ဝံနဂါးတွေကိုချစ်မြတ်နိုးတယ်” ဟူသောစကားအပါအဝင် ကပ်ရောဂါ၏ဇာစ်မြစ်ကို ဖုံးကွယ်ထားသော ညွှန်းဆိုချက်များပါဝင်သည့် သီချင်းစာသားများက တရုတ်အပေါ်ထောက်ခံသူများအား ဆိုးဒေါသထွက်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly