ညောင်ဦးမြို့နယ် မြင်းကပါရွာက စစ်ကောင်စီခန့် အုပ်ကြီး ပစ်ခတ်ခံရ၍ သေဆုံး

ညောင်ဦးမြို့နယ် မြင်းကပါရွာက စစ်ကောင်စီခန့် အုပ်ကြီး ပစ်ခတ်ခံရ၍ သေဆုံး

နိုဝင်ဘာ ၂

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ မြင်းကပါရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးလင်းအောင်ဆိုသူသည် ယ‌နေ့ နိုဝင်ဘာ ၂ရက် နံနက် ၇နာရီ ၂၅ မိနစ် အချိန်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်ခြင်းကြောင်း သေဆုံးသွားသည်ဟု သိရသည်။

အဆိုပါ ပစ်ခတ်မှုကို ပုဂံညောင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် MGN Tiger အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

"သူ့ကို ရွာမှာ လူ၁၀၀ ရှိရင် လူ၉၀လောက်က မထောက်ခံဘူး။ မီတာခကောက်တာတွေ ဘာတွေလုပ်တယ်။ ဒလန်အကြီးစားကြီး ရွာက လူတွေကလည်း ကြည့်မရကြဘူး"ဟု MGN Tiger အဖွဲ့ကပြောသည်။

ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး၏ ဦးခေါင်းတစ်ချက် ရင်ဘတ် နှစ်ချက် ကျည်ထိမှန်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required