ရာသီအကုန် ရည်မှန်းချက်ကို ချယ်လ်ဆီးနည်းပြ ဟစ်ဒင့် ထုတ်ဖော်

ရာသီအကုန် ရည်မှန်းချက်ကို ချယ်လ်ဆီးနည်းပြ ဟစ်ဒင့် ထုတ်ဖော်

လန်ဒန်၊ ဒီဇင်ဘာ ၂၆ ။         ။ ချယ်လ်ဆီးနည်းပြသစ် ဂုစ်ဟစ်ဒင့်က ၎င်း၏ ယခုနှစ် ရည်မှန်းချက်များမှာ ချန်ပီယံလိဂ်ဖလားနှင့် အက်ဖ်အေဖလားတို့ကို ရယူရန်နှင့် ပရီးမီးယားလိဂ်တွင် အဆင့်လေးအတွင်း ဝင်ရန် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

မော်ရင်ဟို၏ နေရာတွင် ယာယီနည်းပြအဖြစ် တာဝန်ပေးခံရသည့် ဟစ်ဒင့်က 'ချန်ပီယံဖလားနဲ့ အက်ဖ်အေဖလားကို ရယူပြီး ပရီးမီးယားလိဂ်မှာ အဆင့်လေးအတွင်း ဝင်ဖို့က ကျွန်တော့်ရဲ့ ရည်းမှန်းချက်ပါ။ ဒါက မဖြစ်နိုင်ဘူးဆိုရင် ကျွန်တော် မရည်မှန်းပါဘူး။

ချယ်လ်ဆီးကစားသမားတွေကို ကျွန်တော် တွန်းအားပေးသွားမှာပါ။ အဆင့်လေးအတွင်းဝင်ဖို့က သင်္ချာနည်းအရဆိုဖြစ်နိုင်ပါသေးတယ်။ ပြီးတော့ ချန်ပီယံလိဂ်၊ နောက်ပြီးတော့ အက်ဖ်အေဖလား။ ရည်မှန်းချက်သုံးခုနဲ့ သွားပါမယ်' ဟု ဟစ်ဒင့်က ပြောသည်။

ဟစ်ဒင့်သည် ချယ်လ်ဆီးအသင်းကို ၂၀၀၉ ခုနှစ်က ဖေဖော်ဝါရီလမှ မေလအထိ ပထမအကြိမ်ကိုင်တွယ်ခဲ့ရာတွင် ပွဲစဉ်ပေါင်း ၂၂ ပွဲ၌ တစ်ပွဲသာ ရှုံးနိမ့်ခဲ့သည်။ ထိုနှစ်တွင် ၎င်း၏ချယ်လ်ဆီးအသင်းမှာ အက်ဖ်အေဖလားကို ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်တွင် အဆင့်သုံးရရှိကာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly