စစ်ကောင်စီ ဗိုလ်မှူးတစ်ဦး ကောလင်းတိုက်ပွဲတွင် သေဆုံး

စစ်ကောင်စီ ဗိုလ်မှူးတစ်ဦး ကောလင်းတိုက်ပွဲတွင် သေဆုံး

အောက်တိုဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း ကျောက်ပြင်သာရွာနှင့် ကချင်ကုန်းရွာကြား အောက်တိုဘာလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဗိုလ်မှူးရဲထွဋ်ဦး (ကြည်း- ၄၃၉၈၀) သေဆုံးသွားသည်ဟု Kawlin Revolution - KR အဖွဲ့က ထုတ်ပြန်ထားသည်။

ဗိုလ်မှူး ရဲထွဋ်ဦး၏ အလောင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖြစ်သလို မြှုပ်နှံ့ခဲ့သည့်အတွက် ကောလင်း ဒေသခံများက ပြန်ဖော်ကာ ကောင်းမွန်စွာ သင်္ဂြိုဟ် ပေးခဲ့ရသည်ဟုလည်း ဆိုထားသည်။

“သူ့တပည့်တွေက အလောင်းတောင် ဖြစ်သလို မြှုပ်ခဲ့လို့ နယ်ခံတွေက သပ်သပ်ရပ်ရပ် သင်္ဂြိုဟ်ပေးဖို့ ပြန်ဖော်ရာမှ ဗိုလ်မှူးမှန်း သိရတဲ့အဖြစ်ပါလား။ စိတ်မကောင်းပါဘူး ဗိုလ်မှူးရေ။ ကောလင်းပြည်သူမှ ကောင်းမွန်စွာသင်္ဂြိုဟ် ပေးခဲ့တယ်လို့ သိရပါတယ် ” ဟု KR အဖွဲ့က ဆိုသည်။

မြန်မာပြည်အထက်ပိုင်း ကောလင်းမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကောလင်း PDF တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး ယမန်နေ့ ၊ အောက်တိုဘာလ ၂၉ ရက်တွင်လည်း ကောလင်းမြို့ အရှေ့ခြမ်း၊ ဖလဲကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂၅ ဦး  သေဆုံးခဲ့ကြောင်း Kawlin Revolution – KR အဖွဲ့က ထုတ်ပြန် ထားသည်။

ထိုတိုက်ပွဲတွင် ကောလင်း PDF တပ်ဖွဲ့ မှ  သူရဲကောင်းရဲဘော် သုံးဦးလည်း ကျဆုံးခဲ့ကြောင်း Kawlin Revolution – KR က ထုတ်ပြန် ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required