ကြွေးမြီဆပ်ရန်ပျက်ကွက်သည့် တရုတ်ကုမ္ပဏီများပြားလာ

By Just Earth News
29 October 2021
ကြွေးမြီဆပ်ရန်ပျက်ကွက်သည့် တရုတ်ကုမ္ပဏီများပြားလာ

တရုတ်နိုင်ငံသည် မကြာသေးမီကအမေရိကန်ဒေါ်လာ ၃၀၅ ဘီလီယံအကြွေးတင်သော အကြီးဆုံးအိမ်ရာကုမ္ပဏီ Evergrande ပြဿနာကိုကြုံတွေ့ခဲ့ရပြီး အကြွေးပေးချေမှုများပျက်ကွက်လာသော နောက်ထပ် အိမ်ရာကုမ္ပဏီများစွာလည်းပေါ်ပေါက်လာခဲ့သည်။

ယခုအခါ နောက်ထပ် ကုမ္ပဏီ ၃ ခုသည် ငွေကြေးပြတ်လပ်နေကြောင်းသိရသည်။

၎င်းတို့မှာ Sinic Holdings၊ China Properties Groupနှင့် Fantasia တို့ဖြစ်ကြပြီးကုမ္ပဏီ ၃ ခုစလုံးသည် Evergrande ကဲ့သို့ပင် ကြွေးမြီပေးဆပ်ရန် ပျက်ကွက်နေသည်ဟုအိန္ဒိယသတင်းချန်နယ် Wion က ဖော်ပြခဲ့သည်။

တရုတ်သည် ယခုအခါ အခြေမခိုင်သောဖဲချပ်အိမ်တစ်ခုသဖွယ်ဖြစ်လာသောကြောင့် ဘဏ္ဍာရေးဆိုင်ရာ ကပ်ရောဂါကို ဖြစ်စေခဲ့သည်ဟုWionသတင်းကဖော်ပြသည်။

ကုမ္ပဏီအများအပြားသည် လျှပ်စစ်မီးမရှိသောကြောင့် စက်ရုံများပိတ်ကာ ဒေဝါလီခံရမည့်အရေးကိုရင်ဆိုင်နေရပြီးတရုတ်၏ နိုင်ငံခြားမြီရှင်များသည် စိတ်ပျက်နေသည့်အရိပ်လက္ခဏာများပြသနေကြကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့အကြွေးအထူဆုံးအိမ်ရာကုမ္ပဏီဖြစ်သော Evergrandeသည် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံကျော် ပေးရန်ရှိနေသည်။

ယင်းလုပ်ငန်း သည် တရုတ်မြီရှင်အချို့ကိုအကြွေးဆပ်ခဲ့သော်လည်း စိတ်ချရလောက်ခြင်း မရှိသေးပေ။

ဆိုးရွားသော ကြွေးမြီဗိုင်းရပ်စ်သည် Evergrandeကိုကျော်လွန်၍ ကုမ္ပဏီများကို ကူးစက်ခဲ့ကြောင်းWion သတင်းဌာနကတင်ဆက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly