အဆိပ်အတောက်ဖြစ်စေသည့် တရုတ်မြေဩဇာများကိုသီရိလင်္ကာတားမြစ်

By Just Earth News
29 October 2021
အဆိပ်အတောက်ဖြစ်စေသည့် တရုတ်မြေဩဇာများကိုသီရိလင်္ကာတားမြစ်

သီရိလင်္ကာနိုင်ငံသည် အန္တရာယ်ရှိသောဘက်တီးရီးယားများပါရှိသည့် အော်ဂဲန်နစ်မြေဩဇာများ သယ်ဆောင်လာသောတရုတ်သင်္ဘော ၁ စီးကိုတားမြစ်လိုက်ကြောင်း AFP သတင်းအရသိရသည်။

အစိုးရက ဓာတုဓာတ်မြေဩဇာများကို တားမြစ်ခြင်းကြောင့် ယခုနှစ်တွင် သီးနှံများဆုံးရှုံးမှုရှိနိုင်ကြောင်း တောင်သူများကပြောကြားထားသည်။

သီရိလင်္ကာသည် ငွေကြေးအကျပ်အတည်းကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုကိုလည်း ရင်ဆိုင်နေရသည်။

အပင်များ စောင့်ကြပ်ထိန်းသိမ်းရေးလုပ်ငန်းများ ဌာနသည် အမည်မပါသောတရုတ်သင်္ဘောမှ နမူနာပစ္စည်းယူပြီးစမ်းသပ်ရာတွင် အန္တရာယ်ဖြစ်စေသောဘက်တီးရီးယားတချို့အပါအဝင် သက်ရှိများပါဝင်နေမှုကိုအတည်ပြုခဲ့သည်ဟု သမ္မတဂိုတာဘာရာရာဂျာပက်ခ်ဆာ၏ ရုံးက ထုတ်ပြန်ခဲ့သည်။

မြေဩဇာတန်ချိန် ၉၆ ၀၀၀ အတွက် Qingdao Seawin Biotech Group Co., Ltd အား ပေးချေရမည့်ငွေအားလုံးကို ကုန်သွယ်မှုဆိုင်ရာဗဟိုတရားရုံးက ခွင့်မပြုကြောင်း တရားဝင်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဏာပိုင်များသည် စက်တင်ဘာတွင် အမေရိကန်ဒေါ်လာ ၄၂ သန်းသဘောတူညီချက်ကိုရပ်ဆိုင်းခဲ့သည်။

သို့သော် ကုန်စည်များနှင့်သင်္ဘောကိုကိုလံဘိုသို့ ပို့ဆောင်လိုက်သည်။

စိုက်ပျိုးရေးဝန်ကြီးဌာနက မည်သည့်ဆိပ်ကမ်း၌မဆိုမြေဩဇာချမှုအား တားဆီးရန်နှင့် တရုတ်ရေယာဉ်များကို ပြန်လှည့်စေရန် အောက်တိုဘာ ၂၃ တွင် ညွှန်ကြားခဲ့ကြောင်း သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly