အောက်တိုဘာ-၂၈
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်နှင့်ဆမီးမြို့တွင် စစ်တပ်ထောက်ခံပွဲပြုလုပ်ရန်လိုက်ပါမည့်သူများကို ဆန်နှစ်တောင်းပေးမည်ဟုပြောဆိုလိုက်လံစည်းရုံးနေကြောင်းသိရသည်။
'' တိုက်ပွဲရှောင်တွေကို ဖိအားပေးပြီးအတင်းခေါ်တဲ့ အနေထားတွေရှိနေတယ်။စုရပ်ကို ထွေအုပ်ရုံးကနေစည်ပင်ရုံးအထိချီတက်မယ်ပြီးရင်ပြန်ခေါက်မယ်ပေါ့၊လိုက်တဲ့သူတစ်ဥဦးကိုဆန်နှစ်တောင်းစီပေးမယ်။ပြီးတော့လိပ်ကုန်းရပ်ကွက်ထဲမှာတော့ လူဦးရေအယောက် ၅၀ တောင်းထားတယ်''ဟုဆမီးဒေသခံတစ်ဦးကပြောသည်။
ပလက်ဝမြို့နယ်အတွင်း၂၀၁၇ နှစ်ဦးပိုင်းမှစတင်ပြီး စစ်တပ်နှင့်အေအေလက်နက်ကိုင်အဖွဲ့အကြားဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်များသည်ပလက်ဝနှင့်ဆမီးမြို့များရှိစစ်ရှောင်စခန်းများတွင်ယခုချိန်ထိနေထိုင်နေကြရသည်။