တရုတ်ပြည်၏ အတိတ်က သမ္မတရှီ၏ အတွေးအခေါ်ကို ပုံဖော်ခြင်းနှင့် ကမ္ဘာကြီးအပေါ် သူ၏ အမြင်

တရုတ်ပြည်၏ အတိတ်က သမ္မတရှီ၏ အတွေးအခေါ်ကို ပုံဖော်ခြင်းနှင့် ကမ္ဘာကြီးအပေါ် သူ၏ အမြင်

ထိုင်ဝမ်နှင့် ဆက်ဆံရေးတင်းမာမှုများမြင့်တက်လာခြင်းအတွက် တရုတ်ကို အာရုံစိုက်လာသလို တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ၏ နိုင်ငံအား ကမ္ဘာ့အလယ်တွင် မည့်သည့် နေရာတွင် မြင်ထားသည်ကိုလည်း သိလိုသူများ ရှိနေသည်။

အတိတ်သည် သဲလွန်စအချို့ကို ပေးစွမ်းနိုင်သည်ဟု အောက်စဖို့တက္ကသိုလ်မှ သမိုင်းပါမောက္ခ ရာနာမစ်တာ က ရေးသားခဲ့သည်။

လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်က စိတ်ကူးမယဉ်နိုင်သည့် အနေအထားဖြစ်သည့် တရုတ်သည် ယခုအခါ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာခဲ့ပြီဖြစ်သည်။

ယင်းကဲ့သို့ သြဇာအာဏာသည် တစ်ခါတစ်ရံတွင် ပါရီရာသီဥတုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်း ကဲ့သို့သော ကမ္ဘာနှင့် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုမှ ထွက်ပေါ်လာသည်။

သို့သော် တစ်ခါတစ်ရံတွင် ပြိုင်ဆိုင်ခြင်းမှ ဖြစ်ပေါ်လာပြီး အနောက်နိုင်ငံများမှ ချေးငွေမရသော ကမ္ဘာ့နေရာ အများ အပြားသို့ ရင်းနှီးမြှုပ်နှံ မှုများ ယူဆောင်လာပေးသည့် နိုင်ငံပေါင်း ၆၀ ကျော်ရှိ ဆောက်လုပ်ရေး စီမံကိန်းများ ကွန်ရက်ဖြစ်သည့် ခါးပတ်လမ်းစီမံကိန်းကဲ့သို့သော စီမံကိန်းများဖော်ဆောင်ခြင်းဖြင့် သြဇာရရှိလာသည်။

သို့သော်လည်း တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ပြောကြားချက်များနှင့် ပတ်သက်၍ ပြင်းထန်စွာ ထိပ်တိုက် ရင်ဆိုင်သည့် အနေအထားလည်း ရှိနေသေးသည်။

သြစတြေးလျ-ဗြိတိန်-အမေရိကန်တို့ပါဝင်သည့် AUKUS ရေငုပ်သင်္ဘောသဘောတူစာချုပ်အသစ်မှ တဆင့် ထိန်းချုပ်ရန် ကြိုးပမ်းသည့် အမေရိကန်အား တရုတ်အစိုးရက ရှုတ်ချခဲ့ပြီး ပြင်းထန်သော အမျိုးသား လုံခြုံရေးဥပဒေကြောင့် ဟောင်ကောင်သားများအား ဗြိတိန်တွင် နေထိုင်ခွင့် ပေးရခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များကို ခံစားရမည်ဟု တရုတ်က ဗြိတိန်ကို သတိပေးခဲ့သလို ထိုင်ဝမ်ကျွန်းကိုလည်း ပြည်မကြီးနှင့် ပေါင်းစည်းရန် ပြင်ဆင် သင့်ကြောင်း တရုတ်က ပြောကြားခဲ့သည်။

စစ်အေးကာလက တရုတ်ပြည်ခေါင်းဆောင်မော်စီတုန်းအပါအဝင် ယခင်ခေါင်းဆောင်များ ထက်ပင် ကမ္ဘာ့ဇာတ်ခုံပေါ်၌ တရုတ်ပြည်၏ အနေအထားကို သမ္မတရှီကျင့်ဖျင်က ရှင်းလင်းပြတ်သားစွာ အခိုင်အမာထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly