နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၇ အောက်တိုဘာ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၇ အောက်တိုဘာ ၂၀၂၁)
ဓာတ်ပုံ- ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

စစ်ကောင်စီ

·         မြန်မာနိုင်ငံအနေဖြင့် အာဆီယံထိပ်သီးအစည်းအဝေးများကို နိုင်ငံ့အကြီးအကဲအဆင့် သိူ့မဟုတ် ပြည်ထောင်စု ဝန်ကြီးအဆင့် တက်ရောက်ခွင့် မရရှိ၍  မတက်ရောက်ခြင်းသည် အာဆီယံကို မကျေနပ်မှုကို ပြသလိုသော သဘော ဆန္ဒနှင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အပြင်၊ အာဆီယံကို သပိတ်မှောက်နေခြင်းလည်း မဟုတ်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ  သတင်းထုတ်ပြန်သည်။

·         ကိုဗစ် -၁၉သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော ရုပ်ရှင်၊ဂီတ၊သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ကိုဗစ်-၁၉ရန်ပုံငွေမှ ထုတ်ပေးမည့်ချေးငွေ လျှောက်ထားနိုင်ကြောင်းနှင့် ပူးတွဲတင်ပြရန်လိုအပ်သောစာရွက်စာတမ်းများကို စစ်ကောင်စီ ထုတ်ပြန်သည်။

·         ရုရှား-မြန်မာနှစ်နိုင်ငံစီးပွားရေးနှင့်ကုန်သွယ်မှူများ ပူပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၆ ရက်က ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။

·         ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တကြိမ်ထက်ပို မဲပေးခဲ့သူများကို တရားစွဲအရေးယူရန် စစ်ကောင်စီက ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားလိုက်သည်။

·         ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် ယနေ့နေ့လည်ပိုင်းက အကြမ်းဖက်စစ်တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ ကြောင်း ဒေသခံများ ထံမှ သိရသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ

·         မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် Dr. Noeleen Heyzer အား ခန့်အပ်ခဲ့ခြင်းအပေါ် ကြိုဆို ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် မှ သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

·         လက်ရှိမြန်မာနိုင်ငံတွင် စစ်အာဏာရှင်၊ စစ်ခေါင်းဆောင်များကြောင့် အာဏာသိမ်းပြီး နောက်ပိုင်း အောက်တို ဘာလ ၂၃ ရက်နေ့အထိ စာရင်းများအရ အပြစ်မဲ့ပြည်သူပေါင်း ၁၁၉၆ ဦး အသက်ဆုံးရှုံးခဲ့ရပြီး မတရား ဖမ်းဆီးခံရသူ ၉၁၇၅ဦး ရှိနေပြီဖြစ်ကြောင်း၊ ထိုကာလအတွင်း စစ်ကောင်စီမှ စစ်ရာဇာဝတ်မှုပေါင်း ၉၀၂ ခုကို ကျူးလွန်ထား ပြီဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတ ဒူဝါလရှီးလ က တောင်ကိုးရီး ယား နိုင်ငံ SBS မီဒီယာ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

·         မြန်မာ့အရေးမှာ ပါဝင်ကူညီပေးခဲ့သည့် ကိုရီးယားပြည်သူများနှင့် ကိုရီးယားအစိုးရကို အထူးကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတ ဒူဝါလရှီးလ က တောင်ကိုးရီးယား နိုင်ငံ SBS မီဒီယာ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

·         မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျောက်ကွယ်ချုပ်ငြိမ်းသွားစေရေးကို ပြင်းပြသော ဆန္ဒနှင့် လိုလားတောင့်တလျက်ရှိသူတိုင်း နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များကိုထုတ်ဝေရောင်းချသွားမည်ဖြစ်ပြီး တော်လှန်ရေး အောင်စိတ်ဖြင့် မဖြစ်မနေ ဝယ်ယူကြပါရန် လေးနက်စွာ မေတ္တာရပ်ခံတိုက်တွန်းကြောင်း NUGမှ ထုတ်ပြန်ထားသည်။

·         ကိုဂျင်မီသည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့်အတွက် သူ၏ကျန်းမာရေးနှင့် ကောင်းမွန်စွာ နေထိုင်နိုင်ရန် ၎င်းတို့တွင် အပြည့်အဝ တာဝန်ရှိပြီး စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ် ပြီး တရားမဝင် တိုက်ခိုက်ခြင်းများမှ အပြည့်အဝပြန်လည်ကောင်းမွန်လာနိုင်ရန်အတွက် ကိုဂျင်မီအား လိုအပ်သော ကျန်းမာ ရေး စောင့်ရှောက်မှုများနှင့်ထောက်ပံ့မှုများ ပေးရမည်ဖြစ်ကြောင်း NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောသည်။

·         မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းအုပ်စုကြောင့် ဖြစ်ပါ်လာသည့် အကျပ်အတည်းများကို ဖြေရှင်းရန် ဆက်လက် ကြိုးစားအားထုတ်မှုများအတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအပေါ် ကျေးဇူးတင်ရှိကြောင်း NUG မှယာယီ သမ္မတ ဒူးဝါးလရှိးလ က ထုတ်ပြန်သည်။

တော်လှန်ရေးလှုပ်ရှားမှုများ

·         မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်နေသော ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှု များနှင့် ပတ်သက်ပြီး အလွန် အမင်းစိုးရိမ်ကြောင်း၊ စစ်တပ်အနေဖြင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဒီမိုကရေစီ လမ်းကြောင်းသို့ ပြန်သွားရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တိုက်တွန်းပြောဆိုလိုက်သည်။

·         ကောလင်းမြို့နယ်နမိတ် ရွှေဘို- မြစ်ကြီးနားလမ်းမပေါ် တရားမဝင်သစ်များတင်ဆောင်လာသည့် ၁၂ဘီးတစ်စီးအား အောက်တိုဘာလ ၂၅ရက်နေ့က ဖမ်းဆီးကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KLPDF မှ ယနေ့ရက်စွဲဖြင့်  ထုတ်ပြန်ထားသည်။

·         စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ ကန့်ဘလူမြို့ဘက်သို့ ထွက်ခွာလာသည့် အကြမ်းဖက်စ်ကောင်စီ ယာဉ်တန်း ကိုယနေ့ အောက်တိုဘာလ ၂၇ ရက် နံနက် ၁၁နာရီတွင်ကန့်ဘလူ စွန်ရဲအဖွဲ့က ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။

·         ဝက်လက်မြို့နယ် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·         စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်အာဏာရှင် ဆန်ကျင်ရေး ကနီမြို့နယ် လူထုသပိတ်ကို ယနေ့ အောက် တိုဘာလ ၂၇ ရက်နေ့တွင် ချီတက် သပိတ်မှောက်ကြသည်။

·         ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းရွာပေါင်းစုံ သပိတ် ၂၃၁ရက်မြောက်နေ့ ချီတက်မှုတွင် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မတ်လ ၂၇ ရက်နေ့ရွှေတောင်ဦးအနီး ပုသိမ်မုံရွာ လမ်းစုံတွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရား ပစ်ခက်ဖြိုခွင်းမှုကြောင့် ဆန္ဒပြရင်းကျဆုံးသွားတဲ့ ကိုချမ်းမြေ့ကျော်ရဲ့ အုတ်ဂူရှိရာသို့ ပန်းတပွင့်စီကိုင် အနက်ရောင်ဝတ်ဆင်ကာ ချီတက်ရင်း အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို ဆန္ဒပြခဲ့ကြသည်။

·         မုံရွာမြို့မှ စစ်ကိုင်းမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကား ၁၃ စီးပါ စစ်ကောင်စီယာဉ်တန်းသည် မြင်းမူမြို့နယ်တွင် ၁ ကြိမ်၊ စစ်ကိုင်းမြို့နယ်တွင် ၁ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကား ၂ စီးပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးနိုင်ကြောင်း သတင်းရရှိသည်။

·         အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ် ဖြုတ်ချရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသား ပြည်သူများသည် အောက်တိုဘာလ ၂၇ ရက် နံနက်တွင် ၂၆၂ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

·         မုံရွာမြို့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားဖြင့် တိုက်ဖမ်းခဲ့သည့် စခန်းမှူးမြင့်ဆွေနှင့် ရဲသား ၁၀ ဦး မောင်းနှင်လာသော ဆိုင်ကယ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု Kanbalu Underground Warriors (KBU-UG) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

·         မန္တလေးတိုင်း တောင်သာမြို့နယ် အရှေ့ချောင်းဆုံကျေးရွာတွင် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက ထောက်ခံစာပြုလုပ်သူနှစ်ဦးမှ အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

·         အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်သည့်အနေနှင့် ယနေ့ အောက်တိုဘာ ၂၇ တွင် 'ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ ဘယ်ကောင်နေရဲလဲ' စာတန်းကိုင်ဆွဲကာ မန္တလေး လူငယ်များ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြကြသည်။

·         မန္တလေးတိုင်း၊ သိပ္ပံလမ်းပေါ်ရှိ ကညနရုံးတွင် ယနေ့ နံနက် ၁၁ နာရီတွင် ဗုံးပေါက်ကွဲပြီး ဆိုင်ကယ်တချို့ မီးလောင်ကျွမ်းသွားကြောင်း ဒေသခံများက ပြောဆိုသည်။

·         မန္တလေးတွင် ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပြည်ကြီးတံခွန် ဆရာတော်က မန္တလေးမြို့ လမ်းမကြီး တစ်ေနရာတွင် အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့သည်။

·         မန္တလေးတိုင်း တောင်သာမြို့နယ် အရှေ့ချောင်းဆုံကျေးရွာတွင် အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်းက ထောက်ခံစာပြုလုပ်သူနှစ်ဦးက အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

·         ခရမ်းမြို့ ဒေးပေါက်လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

·         ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ၂ လမ်း၊ အပိုင်း ၃တွင် ယနေ့ အောက်တိုဘာ ၂၆ရက် ည ၇ နာရီ၃၀မိနစ်အချိန် စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ မျိုးဝင်း သေနတ်ဖြင့် ပစ်ခံလိုက်ရကြောင်း၊ ဆေးရုံတွင် ကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required