ဆိုးလ်၊ ဒီဇင်ဘာ ၂၅ ။ ။ တောင်ကိုရီယားမင်းသား လီဂျောင်ဆွတ်ခ်သည် မကြာမီထုတ်လုပ်ပြသမည့် တောင်ကိုရီးယား - တရုတ် ဒရမ်မာဇာတ်ကား Jade Lover တွင် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ယင်း ဇာတ်ကားသည် တစ်နှစ်ကျော်အတွင်း ၎င်းပါဝင် သရုပ်ဆောင်မည့် ပထမဆုံး ဒရမ်မာဇာတ်ကား ဖြစ်လာမည် ဖြစ်သည်။
“Jade Lover” ဇာတ်ကားသည် ၁၉၃၀ ပြည့်လွန်နှစ် အချစ်ဇာတ်လမ်းကို အခြေခံကာ ပုံဖော် ရိုက်ကူးသွားမည်ဖြစ်ပြီး လာမည့်လတွင် ရှန်ဟိုင်းမြို့၌ စတင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း တောင်ကို ရီးယား ရုပ်သံလိုင်း SBS နှင့် ဟောင်ကောင် မီဒီယာဂရု(ပ်) DMG တို့က ပူးပေါင်း ရိုက်ကူးသွားမည် ဖြစ်ကြောင်း အေဂျင်စီက ပြောကြားသည်။
“လီသည် ယခုနှစ်အစောပိုင်းက Pinocchio ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့ပါတယ်။ လာမယ့် နှစ်အတွက်လည်း အခြား ပြည်တွင်းဇာတ်ကားတွေနဲ့ ရုပ်သံ ဒရမ်မာဇာတ်ကားတွေကို ရိုက်ကူးသွား မှာပါ” ဟု Wellmade Yedang အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။