ဂျမူးနှင့် ကက်ရှ်မီးယားတွင် အကြမ်းဖက်သမားတို့၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားသော ရဲအရာရှိအိမ်သို့ ပြည်ထဲရေးဝန်ကြီး သွားရောက်

ဂျမူးနှင့် ကက်ရှ်မီးယားတွင် အကြမ်းဖက်သမားတို့၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားသော ရဲအရာရှိအိမ်သို့ ပြည်ထဲရေးဝန်ကြီး သွားရောက်

အိန္ဒိယနိုင်ငံ ပြည်ထောင်စုနယ်မြေ ဂျမူးနှင့် ကက်ရှ်မီးယားဒေသသို့ ၃ ရက်ကြာ ခရီးရောက်ရှိနေသည့် ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး အာမစ်ရှာဟာသည် ပြီးခဲ့သည့် လအတွင်းက အကြမ်းဖက်သမားတို့၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားသူ ရဲအရာရှိ ပါဗက်ဇ်အာမက်ဒါ၏ အိမ်သို့ အောက်တိုဘာ ၂၃ ရက်က သွားရောက်ခဲ့သည်။

ရဲအရာရှိ၏ ကျန်ရစ်သူဇနီးဖြစ်သော ဖာတီမာအက်ခ်တာအား ၎င်းတို့နေအိမ်၌ တွေ့ဆုံကာ သူမအား အစိုးရ အလုပ်ခန့်စာများကို ပေးအပ်ခဲ့သည်။

“ဒီနေ့ သူရဲကောင်း ပါဗက်ဇ်အာမက်ဒါရဲ့ မိသားစုကို သွားရောက်တွေ့ဆုံပြီး ဝမ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့ပါတယ်။ သူရဲ့ ရဲစွမ်းသတ္တိရှိမှုအတွက် ကျွန်တော်နဲ့ နိုင်ငံတော်က ဂုဏ်ယူပါတယ်။ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသ ပုံစံအသစ်တစ်ခု ဖြစ်ပေါ်ရေးအတွက် ဝန်ကြီးချုပ်ရဲ့ အစီအစဉ်အကောင်အထည်ဖော်ဖို့ ဒေသခံရဲတွေက အစွမ်းကုန်ကြိုးစားနေကြပါတယ်” ဟု ရှာဟာက သူ၏တွစ်တာတွင် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly