တရုတ်အစိုးရကို သရော်သည့် ဗီဒီယိုသီချင်းသီဆိုသူ အဆိုတော်များ၏ အကောင့်များကို SinaWeibo အက်ပလီကေးရှင်း ပိတ်ပစ်

တရုတ်အစိုးရကို သရော်သည့် ဗီဒီယိုသီချင်းသီဆိုသူ အဆိုတော်များ၏ အကောင့်များကို SinaWeibo အက်ပလီကေးရှင်း ပိတ်ပစ်

တရုတ်ကွန်မြူနစ်အစိုးရကို လှောင်ပြောင်သရော်သည့် ဗီဒီယိုသီချင်းကို Duo တွင် ထုတ်လွှင့်ပြီးနောက် မလေးရှားရပ်စ် အဆိုတော် နာမီဝီနှင့် ထိုင်ဝမ်အခြေစိုက် သြစတြေးလျအဆိုတော် ကင်ဘာလေချင်တို့၏ အကောင့်များကို တရုတ်အက်ပလီကေးရှင်း SinaWeibo က ပိတ်ပင်လိုက်သည်။

နာမီဝီရေးသောသီချင်းသည် တရုတ်အင်တာနက်အသုံးပြုသူများကို မသိမသာ ထိပါးတိုက်ခိုက်ထားပြီး ရှင်ကျန်းရှိ ဝီဂါများကို တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိနှိပ်မှုကိုရည်ညွှန်းခြင်းတို့ပါဝင်ကြောင်း ထိုင်ဝမ်သတင်းက ဖော်ပြသည်။

ဗီဒီယို သီချင်းကို "ကျိုးပျက်လွယ်တဲ့ ပန်းနုရောင်လေးဆိုရင် သတိထားပေးပါ" ဟူသော သတိပေးချက်နှင့် ဖွင့်ထားသည်။

အဆိုတော် ၂ ဦး စလုံးသည် တရုတ်နှင့် ဆက်စပ်သော အကြောင်းအရာအမျိုးမျိုးကို ရည်ညွှန်းဆိုထားသည်။

“ firewall လုံခြုံရေးစနစ်ကို ချိုးဖောက်တာဟာ တရားမဝင်ဘူး၊ Pooh က ဒါကိုတွေ့ရင် မင်းကို လွမ်းရလိမ့်မယ်” ဟု ၎င်းတို့က သီဆိုကြသည်။ ဆင်ဆာဖြတ်သည့်အကြောင်းကိုလာည်း သီဆိုခဲ့ကြပြီး သမ္မတရှီ၏ အသွင်အပြင်နှင့် တရုတ်တွင် တားမြစ်ထားသည့် Winnie the Pooh ဆိုသည် ဇာတ်ကောင်တို့ကို မသိမသာနှိုင်းယှဉ် ဖော်ပြခဲ့သည်ဟု ထိုင်ဝမ်သတင်းက ဖော်ပြခဲ့သည်။

အဆိုပါ သီချင်းတွင် ရှီ၏ မကြာသေးမီက နိုင်ငံရေးလှုပ်ရှားမှု၏ ဆောင်ပုဒ်ဖြစ်သော“ ဘုံသာယာဝပြောမှု” ဟူသောအသုံးအနှုန်းကိုလည်း ဖော်ပြထားသည်။

ပန်ဒါတစ်ကောင်သည် နောက်ခံတွင် ကခုန်ပြီး အလုပ်လုပ်နေချိန်တွင် အဆိုတော် ၂ ဦးသည် တရုတ်နှင့် ဆက်စပ်သော အကြောင်းအရာအမျိုးမျိုးကို ကိုးကားဖော်ပြကြသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကို သွယ်ဝိုက်ရည်ညွှန်းရာတွင်လည်း ခွေးများ၊ ကြောင်များ၊ လင်းနို့များနှင့် ကြောင်ကတိုးများ ကို ချစ်ကြောင်းလည်း ဖော်ပြခဲ့သည်ဟု Taiwan News တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly