အိန္ဒိယ ဖျော်ဖြေရေး ရုပ်သံလိုင်းက အစုရှယ်ယာရှင် အစည်းအဝေးခေါ်ယူရန် ဘုံဘေတရားရုံး အဆိုပြု

အိန္ဒိယ ဖျော်ဖြေရေး ရုပ်သံလိုင်းက အစုရှယ်ယာရှင် အစည်းအဝေးခေါ်ယူရန် ဘုံဘေတရားရုံး အဆိုပြု

အိန္ဒိယ၏ ဖျော်ဖြေရေး ရုပ်သံလိုင်းဖြစ်သော Zee Entertainment Enterprises အနေဖြင့် ကမ္ဘာ့အနှံ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီမံခန့်ခွဲရေး ကုမ္ပဏီ Invesco ၏ တောင်းဆိုချက်ဖြစ်သော အဆိုပါ ရုပ်သံလုပ်ငန်း၏ အမှုဆောင်အရာရှိချုပ်အား ဖယ်ရှားရန်နှင့် လုပ်ငန်းအမှုဆောင်အဖွဲ့အား ပြင်ဆင်ဖွဲ့စည်းရန် တောင်းဆိုချက်အတိုင်း အစုရှယ်ယာရှင်များ အစည်းအဝေးကို ခေါ်ယူရန် အောက်တိုဘာ ၂၁ ရက်က အဆိုပြုလိုက်သည်။

Zee ကုမ္ပဏီက အစုရှယ်ယာ ၁၈ ရာခိုင်နှုန်းပါဝင်သော Invesco က ထိန်းချုပ်ထားသည့် လုပ်ငန်း ၂ ခု၏ သတိပေး ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကြားနာပေးရန် ယခုလ အစောပိုင်းတွင် ရုပ်သံကုမ္ပဏီက ဦးတိုက်လျှောက်ထားခဲ့ခြင်းကို ဘုံဘေတရားရုံးချုပ်က ကြားနာခဲ့ခြင်းဖြစ်သည်။ သတိပေးထုတ်ပြန်ချက်တွင် Zee ကုမ္ပဏီအနေဖြင့် အထွေထွေ အထူးအစည်းအဝေး (EGM ) တစ်ရပ်ကို ခေါ်ယူရန် တောင်းဆိုခဲ့သည်။

အထူးအစည်းအဝေးတွင် ပြုလုပ်မည်ဆုံးဖြတ်ချက်ကို Zee ကုမ္ပဏီက ချက်ခြင်းအကောင်အထည်ဖော်ရန် မလိုဘဲ ရင်ဆိုင်နိုင်ခွင့်ရှိသလို ကုမ္ပဏီအနေဖြင့် ဆက်လက် လည်ပတ်နိုင်ပြီး အစည်းအဝေးများလည်း ဆက်လက် ခေါ်ယူနိုင်ကြောင်း တရားရုံးက အကြံပြုထားသည်။

ထို့ပြင် Zee နှင့် Invesco တို့အနေဖြင့် အထူးအစည်းအဝေးအတွက် ရက်သတ်မှတ်ကြရန်နှင့် အစည်းအဝေးကို ဦးဆောင်ရန် ကြားနေအဖွဲ့အစည်းတစ်ခုအား ခန့်အပ်ရေးကိုလည်း တရားရုံးက ပြောကြားထားသည်။

Zee ကုမ္ပဏီက အိန္ဒိယနိုင်ငံတွင်းမှ ဂျပန်နိုင်ငံ ဆိုနီအုပ်စုနှင့် ပူးပေါင်းရန် စီစဉ်နေချိန်တွင် အုပ်ချုပ်မှုဆိုင်ရာ တာဝန်ရှိသူအဖွဲ့ကို အပြောင်းအလဲ ပြုလုပ်ရန် Invesco က တောင်းဆိုထားသည်။

Zee အား အိန္ဒိယ၏ အကြီးစား ရုပ်သံထုတ်လွှင့်ရေးကုမ္ပဏီ ဖြစ်လာစေရန် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သော်လည်း အမှုဆောင်အရာရှိချုပ် ပန်နစ်ဂိုအင်ကာအပါအဝင် Zee အား ထူထောင်သည့် မိသားစုအား ပြင်ဆင်ပူးပေါင်းမည့် ကုမ္ပဏီလုပ်ငန်းသစ်တွင် အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းအထိ ပါဝင်ခွင့်ပြုမည်ကို Invesco က စိုးရိမ်လျက်ရှိသည်။ Zee ရုပ်သံလုပ်ငန်းကို ထူထောင်သည့် မိသားစုက ယခုအချိန်တွင် အစုရှယ်ယာ ၄ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားသည်။

Zee ကို ထူထောင်သူနှင့် ဂိုအင်ကာ၏ ဖခင်ဖြစ်သူ ဆူဘက်ရှ်ချန်ဒရာက Invesco သည် မတရားအုပ်စိုးရန် ကြံစည်ထားကြောင်း စွပ်စွဲထားသည်။

ယင်းစွပ်စွဲချက်ကို Invesco က ငြင်းဆိုထားသော်လည်း ဘီလျံနာသူဌေးကြီး မူကက်ရှ် အမ်ဘာနီနှင့် Zee တို့ ထိန်းချုပ်ထားသည့် Reliance Industries လုပ်ငန်းစဉ် ပိုင်ဆိုင်သောသော ကုမ္ပဏီများအကြား လုပ်ငန်းသဘောတူညီချက်တစ်ခု တိုးချဲ့ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ကြောင်း ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

“ကျွန်တော့်အမြင်ကတော့ ဒီအငြင်းပွားမှုကို Invesco က ထိန်းချုပ်ဖို့ လုပ်ဆောင်တာကြောင့် ပေါ့ပေါ့တန်တန် သတ်မှတ်လို့မရပါဘူး။ ဒီအမှုဟာ နိုင်ငံတွင်းမှာ အစုရှယ်ယာရှင်များရဲ့ အခွင့်အရေးကို ဘယ်လောက်ထိ ကာကွယ်မှုပေးသလဲဆိုတာ စမ်းသပ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်” ဟု ယခုအမှုနှင့် မသက်ဆိုင်သည့် ဥပဒေအကျိုးဆောင်အဖွဲ့ Saraf & Partners ၏ တည်ထောင်သူ မိုဟစ်ဆာရက်ဖ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly