ပါကစ္စတန်အား နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က စောင့်ကြည့်နိုင်ငံများစာရင်းတွင် ဆက်လက်ထားရှိ

ပါကစ္စတန်အား နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က စောင့်ကြည့်နိုင်ငံများစာရင်းတွင် ဆက်လက်ထားရှိ

ကမ္ဘာ့နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၃၇ ခုဖြင့် ဖွဲ့စည်းထားသော ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုများ ဆောင်ရွက်ရေးအဖွဲ့ (FATF) က အထူးစောင့်ကြည့်သည့်စာရင်း ခေါ် မီးခိုရောင် သတ်မှတ်ချက်စာရင်းတွင် ပါကစ္စတန်နိုင်ငံအား ဆက်လက်ထားရှိမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၁ ရက်က ကြေညာလိုက်သည်။

အကြမ်းဖက်လုပ်ငန်းများအား ငွေကြေးထောက်ပံ့မှုနှင့် ငွေကြေးခဝါချမှု လုပ်ငန်းစဉ်များကို ထိရောက်စွာ မဆောင်ရွက်သောကြောင့် ပါကစ္စတန်နို်ငငံအား မီးခိုင်းရောင်နိုင်ငံများစာရင်းတွင် ၂၀၁၈ ခုနှစ၊ ဇွန်လမှစတင် ထည့်သွင်းခဲ့သည်။

FATF ၏ ဥက္ကဌဖြစ်သူ ဒေါက်တာ မားကတ်စ်ပလေယာက ပါကစ္စတန်အနေဖြင့် အကြောင်းအရာ ၃၄ မျိုးပါဝင်သည့် ပူးတွဲ လုပ်ငန်းစဉ် ၂ မျိုးကို ဆောင်ရွက်ရကြောင်း ပြောကြားသည်။

“ငွေကြေးခဝါချမှုအပေါ် ထိရောက်စွာ ဆောင်ရွက်မှု မရှိခြင်းအပေါ် အဓိက အကဲဖြတ်ခဲ့သည့် ယခုနှစ် ဇွန်လအတွင်းက ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်ကို FATF ၏ ဒေသဆိုင်ရာ မိတ်ဖက်အဖွဲ့ဖြစ်သည့် အာရှပစိဖိတ်အုပ်စုက ဆိုးရွားသည့် ပြဿနာများစွာကို တွေ့ရှိခဲ့ပါတယ်” ဟု FATF ၏ ဥက္ကဌက ပြောကြားသည်။

အိန္ဒိယ၏ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ အစိုးရအနေဖြင့် ပါကစ္စတန်အား မီးခိုးရောင် နိုင်ငံများစာရင်းတွင် ပါဝင်အောင် လုပ်ဆောင်နိုင်မှုအပေါ် ဇူလိုင်လအတွင်းကလည်း အသိအမှတ်ပြုပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုကြောင့် ပါကစ္စတန်ကို FATF ရဲ့ စောင့်ကြည့်နိုင်ငံစာရင်းထဲမှာ ထားနိုင်ခဲ့ပါတယ်။ ပါကစ္စတန်ကို ဖိအားပေးမှု အောင်မြင်သလို အိန္ဒိယရဲ့ နည်းမျိုးစုံဆောင်ရွက်မှုကြောင့် ဖိအားပေးမှုဖြစ်စေပြီး ပါကစ္စတန်ရဲ့ အမူအကျင့်လည်း ပြောင်းလဲလာပါတယ်” ဟု ဂျိုင်ရှန်ကာက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required