မြန်မာနှစ်ဦးသေဒဏ်ချမှတ်ခံရသည့်အတွက် မုံရွာတွင် ဆုတောင်းပွဲလုပ်မည်

မြန်မာနှစ်ဦးသေဒဏ်ချမှတ်ခံရသည့်အတွက် မုံရွာတွင် ဆုတောင်းပွဲလုပ်မည်
ဒီဇင်ဘာ ၂၄ ရက်တွင် ထိုင်းတရားရုံးက လူသတ်မှု၊ နိုင်ငံခိုးဝင်မှု၊ ခိုးမှု၊ အဓမ္မမှုများဖြင့် သေဒဏ် အပါအဝင် ပြစ်ဒဏ် အသီးသီးချမှတ်ခံရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝေဖြိုး (ခ)ကိုဝင်းဇော်ထွန်းတို့အား တွေ့ရစဉ်။ (ဓာတ်ပုံ- အီးပီအေ)

မုံရွာ၊ ဒီဇင်ဘာ ၂၄ ။                  ။ လိပ်ကျွန်း လူသတ်မှုတွင် သေဒဏ်ချမှတ်ခံခဲ့ရသော မြန်မာနှစ်ဦးအတွက် မုံရွာမြို့ ရွှေစည်းခုံဘုရားတွင် ယနေ့ ညနေ ၅နာရီခန့်တွင် ဆုတောင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မုံရွာမြို့ ရွှေစည်းခုံဘုရားတွင် ဆုတောင်းပွဲ ပြုလုပ်မည်ဖြစ်ပြီး  ဟောပြောပွဲပါ ကျင်းပမည်ဖြစ်ကြောင်း ဦးဆောင်သူ ကိုကျော်မင်းထွဋ်က ပြောသည်။

"ဆုတောင်းပွဲလုပ်မယ်။ ပြီးရင်ဟောပြောပွဲပါ လုပ်မယ်။ ဟောပြောမယ့်အကြောင်းအရာက မြေပေါ်မြေအောက်သယံဇာတတွေနဲ့ လူသားအရင်းမြစ်တွေကို အစိုးရအနေနဲ့ တန်ဖိုးထားတက်ဖို့ ခေါင်းစဉ်နဲ့ဟောပြောမှာပါ။" ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်သိမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့(MATA)ဝင်တစ်ဦးဖြစ်သည့် ကိုကျော်မင်းထွဋ်က မည်သည့် အဖွဲ့အစည်းမှ ပါဝင်ခြင်းမရှိဘဲ တစ်ဦးတည်ဆန္ဒအရ ပြုလုပ်ခြင်းဖြစ်ပြီး ပါဝင်လိုသူများလာရောက်ပူးပေါင်းနိုင်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly