လှိုင်မြို့နယ်၊ အင်းစိန်လမ်းနှင့် ကန်လမ်းထောင့်အနီးက လျှပ်စစ်ရုံးအနီး ပေါက်ကွဲမှုဖြစ်

လှိုင်မြို့နယ်၊ အင်းစိန်လမ်းနှင့် ကန်လမ်းထောင့်အနီးက လျှပ်စစ်ရုံးအနီး ပေါက်ကွဲမှုဖြစ်

အောက်တိုဘာ ၂၂

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမနှင့် ကန်လမ်းထောင့် အနီးရှိ လျှပ်စစ်ရုံးအနီးတွင် ယနေ့ အောက်တိုဘာ ၂၂ ရက် ၊ မွန်းတည့်၁၂ နာရီက ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေများကို မသိရသေးပေ။

ယင်းလျှပ်စစ်ရုံးအနီးတွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည်မှာ နှစ်လနီးပါးခန့် ရှိပြီ ဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

အောက်တိုဘာ လလယ်ပိုင်းမှစပြီး မီတာခ ပေးဆောင်ရန် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရန်ကုန်တိုင်းရှိ မြို့နယ်များတွင် လိုက်လံကြေညာခြင်းများရှိပြီး မီတာ မဆောင်သည့် အိမ်အချို့ကို မီးဖြတ်တောက်ခြင်းများ လုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly