ကာဗွန် အများဆုံးထုတ်လွှတ်သည့် နိုင်ငံကို ဂလက်စဂိုရာသီဥတုထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်မည်

By Times of Israel
21 October 2021
ကာဗွန် အများဆုံးထုတ်လွှတ်သည့် နိုင်ငံကို ဂလက်စဂိုရာသီဥတုထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်မည်

စကော့တလန်၊ ဂလက်စဂိုမြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ COP26 ထိပ်သီးအစည်းအဝေးကျင်းပရန် သီတင်း ၃ ပတ်ပင် မလိုတော့သည့်အချိန်တွင် နိုင်ငံများက ရာသီဥတုဆိုင်ရာဆွေးနွေးမှုများတွင် မည်သည့်အချက်ကို ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် အဓိကထား ရပ်တည်ကြမည်ဆိုသည်နှင့် ပတ်သက်၍ ငြင်းခုန်နေကြသည်။

၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု မပိုလျှံစေရေး ရည်မှန်းချက်ကို ကြေညာရန် ဖွံ့ဖြိုးဆဲနိုင်ငံများအား တွန်းအားပေးခြင်းဖြင့် ထုတ်လွှတ်မှုကို လျော့နည်းစေရန် ဖွံ့ဖြိုးပြီးနိုင်ငံများက ကြိုးစားနေသည်။

ဂလက်စဂိုမြို့တွင် ကျင်းပမည့် COP ၂၆ ညီလာခံမတိုင်မီ ထုတ်လွှတ်မှု လျှော့ချရေး ရည်မှန်းချက် များကို အရှိန်မြှင့်တင်ရေး ဖိအားသည် တရုတ်နိုင်ငံအပေါ်တွင် ရောက်ရှိနေသည်။

အောက်တိုဘာလ ၃၁ ရက်တွင် စတင်ရန်စီစဉ်ထားသော ၁၃ ရက်ကြာ ညီလာခံ၌ ကမ္ဘာအများဆုံး ကာဗွန်ထုတ်လွှတ်သူကို ထုတ်ပြန်ဖော်ပြလိမ့်မည်ဖြစ်သည်။

ကျောက်မီးသွေးသည် လေထုညစ်ညမ်းမှု အလွန်ဖြစ်စေသောအရာဖြစ်သည်။ တရုတ်က မကြာသေးမီက ပြည်ပရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို ငွေကြေးထောက်ပံ့မည်မဟုတ်ကြောင်း အထင်ကြီးဖွယ်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့သော်လည်း တရုတ်ရှိ ကိုယ်ပိုင်စက်ရုံများကို ပိတ်ပစ်ရန် ပြောဆိုခြင်းမရှိပေ။

အမှန်တွင် တရုတ်က နိုင်ငံတကာဖိအားကြောင့် ကုလသမဂ္ဂကိုတင်ပြမည့် နို်ငငံ၏ ရာသီဥတုပြောင်းလဲမှု ကတိကဝတ်များ၏ အစိတ်အပိုင်းအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

တရုတ်သည် တစ်ကမ္ဘာလုံးရှိ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများအတွက် ငွေကြေးအရင်းအနှီးအများ ဆုံး ထောက်ပံ့ပေးသည့် အရင်းအမြစ်ဖြစ်ပြီး သမ္မတရှီ၏ ကြေညာချက်သည် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် တောင်အာဖရိက ကဲ့သို့သော နိုင်ငံများတွင် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တိုးချဲ့ရေး အစီအစဉ်များအပေါ်များစွာ အကျိုးသက်ရောက်စေမည် ဖြစ်သည်။

အမေရိကန် ပညာရှင်အဖွဲ့ဖြစ်သော Global Energy Monitor (GEM) ၏ အဆိုအရ ယင်းကြေညာချက်က နိုင်ငံကာတွင် တရုတ်က ထောက်ပံ့ပေးထားသည့် ဒေါ်လာ ဘီလီယံ ၅၀ တန်းဖိုးရှိ ကျောက်မီးသွေးစက်ရုံ ၄၄ ရုံကို သက်ရောက်မှုရှိစေနိုင်သော်လည်း အနာဂတ်ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု တစ်နှစ်လျှင် တန်ချိန်သန်း ၂၀ဝ အထိလျှော့ချရန် အလားအလာရှိသည်ဟု GEM က မကြာသေးမီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly