စစ်ကောင်စီတပ်က ဖလမ်းမြို့နယ်တွင်း နေအိမ်မီးရှို့ပြီး ဘုရားကျောင်းအတွင်း ရှိပစ္စည်းများအား ဖျက်စီး

စစ်ကောင်စီတပ်က ဖလမ်းမြို့နယ်တွင်း နေအိမ်မီးရှို့ပြီး ဘုရားကျောင်းအတွင်း ရှိပစ္စည်းများအား ဖျက်စီး

ဖလမ်း ၊ အောက်တိုဘာ - ၁၉

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ တလန်ရောလ်ကျေးရွာအတွင်း စစ်ကောင်စီတပ်များမှ လူနေအိမ်တစ်လုံးကို မီးရှို့ပြီးနောက် ဘုရားကျောင်း အတွင်းရှိ ပစ္စည်းများကို ဖျက်စီးမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။

''ကျွန်တော်တို့ ဖလမ်းမြို့မှာစစ်တပ်တွေက ဘာကြောင့်မှန်းမသိဘူး ဘုရား ကျောင်းထဲဝင်ပြီး ဖျက်စီးတာသုံးကြိမ်ရှိနေပြီ။ ပြီးခဲ့တဲ့ဩဂုတ်လထဲမှာ တားလ်ရွာထဲကနှစ်ခြင်းဘုရားကျောင်းထဲမှာ အရက်သေစာတွေ သောက်စား ညစ်ပတ်နေပြီးပလ္လင်ထက်မှာရှိတဲ့ ဓမ္မသီချင်းစာအုပ်တွေကိုလည်း မီးရှို့ဖျက် စီးခဲ့တယ်။ အရက်တွေလည်းပလ္လင်ပေါ်မှာသောက်ကြတယ်။နောက်တခါဒီလထဲမှာပဲရယ်သီးရပ်ကွက်က ဘုရားကျောင်းကိုမီးရှို့တယ်။ အခုမနေ့ကပေါ့ တလန်ရောလ် ကျေးရွာကဘုရားကျောင်းထဲမှာ ဝင်ဖျက်စီးသွားပြန်တယ်။ ဒါတွေက အကြောင်းမဲ့ အကြမ်းဖက်တာပဲ''ဟု ဖလမ်းမြို့ခံတစ်ဦးကပြောသည်။

သည့်အပြင် ဟားခါးမြို့အထွက်လုံးရန်ရပ်ကွက်အတွင်းရှိ အိမ်များဖောက်ထွင်း မွှေနှောက်သွားကပြီးဆိုင်တစ်ဆိုင်ရှိ ပစ္စည်းများ ခိုးယူသွားကြပြီး၎င်းဆိုင်အား မီးရှို့ဖျက်စီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်များမှ အကြောင်းမဲ့ ဘုရားကျောင်းတွေ မီးရှို့ ဖျက်စီးခြင်း၊ ဘုရားကျောင်းအတွင်း ပစ္စည်းများဖျက်စီးခြင်းများနှင့်ပတ်သက်ပြီးစက်တင်ဘာ -၁၉ ရက်နေ့ကလည်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ကန့်ကွက် ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ထားသည်။

ဓာတ်ပုံ- တလန်ရောလ်ကျေးရွာမှ ဘုရားကျောင်းအား စစ်ကောင်စီတပ်များက ဝင်ရောက်ဖျက်စီးထားပုံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required