ပေါင်းတည်မြို့နယ်၊ ဇီးပင်လှကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ပေါင်းတည်မြို့နယ်၊ ဇီးပင်လှကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

အောက်တိုဘာ ၁၉

ပြည်ခရိုင် ၊ ပေါင်းတည်မြို့နယ်၊ ဇီးပင်လှကျေးရွာအုပ်စုတွင် အောက်တိုဘာ ၁၈ ရက် ည ၇ နာရီ ဝန်းကျင်က ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ ဦးအောင်ထွန်းနိုင်ဖြစ်ပြီး ဇီးပင်လှကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် စစ်ကောင်စီက ခန့်အပ်ထားသူ ဖြစ်သည်။

“အိမ်ထဲ ဝင်ပစ်တာ၊ ၁၀ ချက်လောက် ရှိမယ်။ အထဲမှာ ဒလန်တွေကို ချုပ်ကိုင်ထားတဲ့ ဦးမြင့်စိုး ဆိုတာရှိတယ်။ သူကလွတ်သွားတယ်။ သူတို့လုပ်လို့၊ စစ်ကောင်စီကို သတင်းပေးလို့ ထွက်ပြေး တိမ်းရှောင်နေရသူ အပြစ်မရှိ ဖမ်းဆီးခံထားရသူတွေ ရှိတယ်။ အဲဒါကြောင့် အခုလို လုပ်ရတာပါ” ဟု ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PPDF)၏ ပြောခွင့်ရှိသူ တစ်ဦးက ပြောသည်။

အသတ်ခံရသူမှာ ၎င်းနေအိမ်တွင် နောက်စေ့၊ ဝမ်းဗိုက် ၊ ခါး နေရာများတွင် သေနတ်မှန်ပြီး နေရာတွင်ပင် သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required