မန္တလေးကျောက်ဝိုင်း ရဲကင်းအနီး ဗုံးပေါက်ကွဲ

မန္တလေးကျောက်ဝိုင်း ရဲကင်းအနီး ဗုံးပေါက်ကွဲ

အောက်တိုဘာ ၁၉

မန္တလေးကျောက်ဝိုင်းအတွင်း ရဲလုံခြုံရေးများရှိရာနေရာအနီး ယနေ့နံနက်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားကြောင်း ကနဦး သတင်းရရှိသည်။

ယနေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်ကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များရောက်ရှိနေပြီး မည်သူ့ကိုမှအပြင်ထွက်ခွင့်မပေးဘဲ စစ်ဆေး မှုများလုပ်နေသည်။

ယနေ့သည် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ Generation Z Power Mandalay က ကျောက်ဝိုင်းအတွင်းဆိုင်များဖွင့်လှစ်ရောင်းချခြင်းမပြုလုပ်ရန် သတိပေးထားသည့်နေ့ သီတင်းပတ် တစ်ပတ်တင်းတင်းပြည့်သည့်နေ့လည်း ဖြစ်သည်။

“ဝိုင်းထဲကရဲကင်းလေသိတယ်မလား၊ အဲဒီရဲကင်းနားပေါက်တာပါ၊ လူအထိ အခိုက်မသိသေးဘူးဗျ” ဟု ယနေ့ကျောက်လောကသားတစ်ဦးကပြောသည်။

ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအား ပြန်လည်ဖွင့်လှစ်လုပ်ကိုင် နေခြင်းသည် စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားပြန်လည်လည်ပတ်စေရန် အတွက် အခွန်ဘဏ္ဍာငွေရှာ ခြင်းဖြစ်၍ ကျောက်မျက်ရတနာလုပ်ကိုင်သူ လူကြီးမင်းများ အနေဖြင့် ၎င်းတို့ထုတ်ပြန်ချက်စေခိုင်းချက်များအား မလိုက်နာရန်အသိပေးမေတ္တာရပ်ခံအပ်ကြောင်း၊ ဖွင့်လှစ်လုပ်ကိုင်လျှင် အသက်အန္တရာယ်စိုးရိမ်စရာရှိကြောင်း Generation Z Power Mandalay က သတိပေးထားသည်။

COVID-19 ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းကပိတ်ထားခဲ့သည့် မန္တလေး ကျောက်ဝိုင်းကို စစ်ကောင်စီက အောက်တိုဘာ ၁၂ ရက်နေ့ကပြန်ဖွင့်ခိုင်းခဲ့ပြီး မဖြစ်မနေအရောင်းအဝယ်လုပ် ရမည်ဟု ဖိအားပေးတာမျိုး ရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly