အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံရသူများ ယနေ့ညတွင် စတင်လွတ်မြောက်လာ

By ဂန္ဒမာ
18 October 2021
အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံရသူများ ယနေ့ညတွင် စတင်လွတ်မြောက်လာ
Photo - AFP

အောက်တိုဘာ ၁၈

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင်ချုပ်နှောင်ထားသော အကျဉ်းသားအချို့ ယနေ့ည ၆ နာရီခန့်မှစ၍ လွတ်မြောက်လာသည်။

"ဒီနေ့ အယောက် ၆၀၀ လောက်လွှတ်မယ်လို့အထဲမှာကြားခဲ့တယ်။ အမျိုးသမီး အယောက် ၅၀ ကျော်ပါမယ်။ ညီမကတော့ သုံး နှစ် အမိန့်ချခံရပြီး လွတ်လာတာပါ။ ဖမ်းခံရတာ ရှစ်လ ပိုင်းကပါ။ ဒီနေ့သတင်းကြည့်မိမှ ပြန်လွှတ်ပေးမယ်ဆိုတာသိရတာ။ အစက ကိုယ်ပါမယ်မပါဘူးမသိရသေးဘူး။ အခုတော့ လွတ်လာပါပြီ" ဟု ပြောက်ကျားတပ်ဖွဲ့များကို ထောက်ပံ့ကူညီမှုဖြင့် နေအိမ်၌ဖမ်းဆီးခံခဲ့ရသူ မြောက်ဥက္ကလာပမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

အကျဉ်းကျခံနေရသူ ၁,၃၁၆ ဦးနှင့် တရားစွဲဆိုခံထားရသူ ၄,၃၂၀ ဦးကို လွှတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly