ဘုရားကျောင်းဖျက်စီးတိုက်ခိုက်ခံရမှုအတွက် ပြစ်ဒဏ်ကျူးလွန်သူများထံမှ ရူပီး ၃၃ သန်း ဒဏ်ကြေးကောက်ခံရန် ပါကစ္စတန် တရားရုံးချုပ် ဆုံးဖြတ်

ဘုရားကျောင်းဖျက်စီးတိုက်ခိုက်ခံရမှုအတွက် ပြစ်ဒဏ်ကျူးလွန်သူများထံမှ ရူပီး ၃၃ သန်း ဒဏ်ကြေးကောက်ခံရန် ပါကစ္စတန် တရားရုံးချုပ် ဆုံးဖြတ်

ပါကစ္စတန်နိုင်ငံ၊ ကာရက်ခရိုင် တာရီရွာရှိ ဟိန္ဒိူသူတော်စင် တစ်ဦး၏ ရာစုနှစ်သက်တမ်းရှိ ဆမာဓိ ဘုရားကျောင်းကို ဓါးပြတိုက်၊ မီးရှို့ဖျက်ဆီးသူများအား ဒဏ်ငွေ ပါကစ္စတန်ရူပီး ၃၃ သန်း ချမှတ်ရန် ခီဘာပက်ထွန်ခဝါပြည်နယ် အစိုးရအား တရားရုံးချုပ်က အောက်တိုဘာ ၁၃ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

ယခုချမှတ်သည် ဒဏ်ကြေးများဖြင့် ၁၉၂၀ ခုနှစ်မတိုင်မီက တည်ဆောက်ခဲ့သည့် ဘုရားကျောင်းအား ပြန်လည်ပြုပြင်တည်ဆေက်ရေးအတွက အသုံးပြုသွားမည်ဖြစ်သည်။

ကာရက်ခရိုင်ရှိ အဆိုပါ ဘုရားကျောင်းတိုက်ခိုက်ခံရခြင်းကို တရားရုံးချုပ်က ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၃၀ တွင် သိရှိခဲ့သည်။ ဘာသာရေးပါတီတစ်ခု၏ ဒေသခံခေါင်းဆောင်အချို့ ဦးဆောင်သည့် လူ ၁၀၀၀ ကျော်သည် ဘုရားကျောင်းအား မတိုက်ခိုက်မီ ဆန္ဒပြမှုများပြုလုပ်ကာ ဖျက်ဆီးရန် တောင်းဆိုခဲ့ကြသည်။

ဖျက်စီးတိုက်ခိုက်မှုတွင် ပါဝင်သည့် ခေါင်းဆောင်အချို့က ဆမာဓိဘုရားကျေုာင်းနံရံတွင်ရေးထားသည့် ‘မန်ဒါ’ဆိုသည့် စကားလုံးကို ကန့်ကွက်ခဲ့သလို အခြားတစ်ဦးကလည်း ဘုရားကျောင်းဟု မသုံးဘဲ နတ်ကွန်းဟုသာ သတ်မှတ်ရန်တောင်းဆိုခဲ့သည်။

ခီဘာပက်ထွန်ခဝါပြည်နယ် ရှေ့နေချုပ်က ဘုရားကျောင်း တိုက်ခိုက်မှုတွင် ပါဝင်သူများသည် တရားရင်ဆိုင်နေရဆဲ ဖြစ်ပြီး ၎င်းတို့တွင် အပြစ်မရှိကြောင်း စီရင်ချက်ချမှတ်လိုက်ပါက ယခုပေးဆောင်ရမည့် ဒဏ်ကြေးငွေများကို မည်သူက ပြောင်းလဲပေးဆောင်ရမည်အချက်ကို တရားရုံးချုပ်သို့ ပြန်လည်ရှင်းပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများကို မဆိုင်းမတွပင် ဖမ်းဆီးနိုင်ခဲ့ပြီး သက်ဆိုင်ရာ တရားရုံးများက အာမခံဖြင့် လွှတ်ထားပြီး ဖြစ်ကြောင်း ခီဘာပက်ထွန်ခဝါပြည်နယ်အစိုးရက စာမျက်နှာ ၃ မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘုရားကျောင်း ပြန်လည်ပြုပြင်မှု ကုန်ကျစရိတ်ကို ပြစ်ဒဏ်ကျူးလွန်ထားသူများထံမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် တောင်းခံထားပြီး ဖြစ်ကြောင်း၊ ဆမာဓိ ဘုရားကျောင်းကို မူလပုံစံအတိုင်း ပြန်လည်ပြုပြင်ထားသော်လည်း အခြားနေရာများတွင် နောက်ထပ်အဆာက်အအုံများအား ပြည်နယ်စရိတ်ဖြင့် တည်ဆောက်ထားခြင်းမရှိကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly