ဒီဇင်ဘာ ၂၃ ရက် ။ ။ တောင်ကိုရီးယားနိုင်ငံ၌ အခြေချနေထိုင်ရန် မြန်မာဒုက္ခသည် ၂၂ ဦး သည် ပထမဆုံးအသုတ် အဖြစ် ရောက်ရှိသွားပြီဟု သိရသည်။
တောင်ကိုရီးယားသို့ မရောက်လာမီ မြန်မာနိုင်ငံတွင်း ဖိနှိပ်မှုများမှ လွတ်ကင်းနိုင်ရန် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့သူ မိသားစု ၄ စု ဖြစ်သည်ဟု ဒီဇင်ဘာ ၂၃ တွင် တာဝန်ရှိသူများအား ကိုးကား၍ Yonhap သတင်းဌာနက ဖော်ပြသည်။
တောင်ကိုရီးယားနိုင်ငံက ယခုနှစ်အစောပိုင်းမှစ၍ မြန်မာဒုက္ခသည်များမှ နှစ်စဉ် အယောက် ၃၀ အား၂၀၁၇ ခု အထိ ခေါ်ယူလက်ခံသွားရန် စတင်စီစဉ်ခဲ့သည်။