အိန္ဒိယ၏ စီးပွားရေးတိုးတက်မှု ယခုနှစ်တွင် ၉ ဒသမ ၅ နှင့် လာမည့်နှစ်တွင် ၈ ဒသမ ရာခိုင်နှုန်း မြင့်တက်နိုင်ဟု IMF ခန့်မှန်း

အိန္ဒိယ၏ စီးပွားရေးတိုးတက်မှု ယခုနှစ်တွင် ၉ ဒသမ ၅ နှင့် လာမည့်နှစ်တွင် ၈ ဒသမ ရာခိုင်နှုန်း မြင့်တက်နိုင်ဟု IMF ခန့်မှန်း

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တိုးတက်မှုနှုန်း ၇ ဒသမ ၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားသော်လည်း ယခုနှစ်တွင် ၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းရှိနိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန် လိုက်သည်။

ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့စီးပွားရေးအလားအလာခန့်မှန်းချက်အဖွဲ့ (WEO ) ၏ နောက်ဆုံးသုံးသပ်ချက်တွင် အိန္ဒိယ၏ စီးပွားရေးတိုးတက်မှုသည် ပြောင်းလဲခြင်းမရှိခဲ့ပေ။

IMF နှင့် ကမ္ဘာ့ဘဏ်တို့၏ နှစ်ပတ်လည်အစည်းအဝေးမတိုင်မီ ထုတ်ပြန်ခဲ့သည့် WEO ၏ အစီရင်ခံစာတွင် ကမ္ဘာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၅ ဒသမ ၉ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

အမေရိကန်၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ယခုနှစ်အတွင်း ၆ ရာခိုင်နှုန်းနှင့် လာမည့်နှစ်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းရှိနိုင်သလို တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၈ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိနိုင်ကြောင်း IMF က ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly