ကျောက်တန်းမြို့နယ်ရှိ Mytel တာဝါတိုင် မိုင်းခွဲခံရ

ကျောက်တန်းမြို့နယ်ရှိ Mytel တာဝါတိုင် မိုင်းခွဲခံရ

အောက်တိုဘာ ၁၇

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ် ၊ တံတားမြို့ တာပကျေးရွာရှိ စစ်ကောင်စီပိုင် Mytel တာဝါတိုင်အား ယမန်နေ့ အောက်တိုဘာ ၁၆ရက် ည ၈ နာရီ ၂၄ မိနစ်အချိန်တွင် ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း Kyauktan PDF အဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖောက်ခွဲမှုကို Kyauktan PDF ၏ မဟာမိတ် အဖွဲ့ဖြစ်သည့် သုံးခွ(YTF) အဖွဲ့ဖြင့် ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

" စက်ပုံးနဲ့ မီးစက်ကို နှစ်လုံးဝင်ထောင်ပြီး ဖောက်ခွဲခဲ့တာပါ "ဟု Kyauktan PDF အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

တာဝါတိုင်ဖောက်ခွဲခံရမှု နောက်ဆက်တွဲအဖြစ် တာပကျေးရွာမှ လူလတ်ပိုင်း လင်မယားနှစ်ဦးကို စစ်ကောင်စီက အင်အား၂၀ ခန့်ဖြင့် ယနေ့ အောက်တိုဘာ ၁၇ရက် နံနက် ၁၀ နာရီခန့်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"လင်မယား နှစ်ယောက်ပါ။ ဘာမှမလုပ်ပါဘူး။ ရိုးရိုးသားသား လုပ်ကိုင်စားသောက် နေတာပါ။ မသင်္ကာလို့ ဆိုပြီးဖမ်းသွားပါတယ်။ အပြစ်မဲ့ ပြည်သူတွေပါ" ဟု ၎င်းက ပြောသည်။

ကျောက်တန်း(PDF)သည် ကျောက်တန်းမြို့နယ်အတွင်း ဖက်ဒရယ်ဒီမိုကရေစီ လိုလားသော သူရဲကောင်း ပြည်သူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခင်ကလည်း ကျောက်တန်းတွင် ဖောက်ခွဲမှု သုံးကြိမ်ဝန်းကျင် ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ တာဝါတိုင်ဖောက်ခွဲမှုမှာ ပထမအကြိမ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly