ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ် စစ်ကောင်စီ တပ်ဘက်မှ ၄ဉီးသေ၊ ၁၅ယောက်ဒဏ်ရာရဟုဆို

ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ် စစ်ကောင်စီ တပ်ဘက်မှ ၄ဉီးသေ၊ ၁၅ယောက်ဒဏ်ရာရဟုဆို

အောက်တိုဘာ ၁၆

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း ချင်းတော်လှန်ရေးတပ်မဟာမိတ်အဖွဲ့ များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့တွင်လည်း တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က လေးဦးကျဆုံးပြီး ၁၅ ဦးဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။

ချင်းအမျိုးသားတပ်မတော် CNA၊ ချင်းကာကွယ်ရေးတပ်များဖြစ်သည့် CNDF ၊ CDF တို့နှင့် စစ်ကောင်စီတပ်တို့သည် နံနက် ၁၁နာရီခန့်တွင် ဖလမ်းမြို့ မှ ၁၂မိုင်အကွာ ဖလမ်း-ဟားခါးလမ်းမကြီးပေါ်ရှိ ထလန်ရော် Thlanrawn ကျေးရွာနှင့် တာလ် Tal ကျေးရွာအကြားတွင် ပိတ်မိနေသည့် စစ်ကောင်စီယာဉ် ခုနှစ်စီးအားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က လေးဦးသေဆုံးပြီး ၁၅ယောက်ဒဏ်ရာရသွားကြောင်း ချင်းတော်လှန်ရေးမဟာမိတ်များဘက်က ပြောသည်။

ယနေ့တိုက်ပွဲသည် အောက်တိုဘာ ၁၄ရက်နေ့ ဖလမ်းမှ ဟာခါးသို့ထွက်ခွာလာ သည့် စစ်ကောင်စီကား ၆၀နှင့် သံချပ်ကာစစ်သည်တင်ယာဉ်နှစ်စီးအား CNA နှင့် CDF တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာတွင် ပိတ်မိခဲ့သည့် ကားများ ဖြစ်သည်။

“သူတို့က ဟာခါးကို သွားကြမှာ။ အဲဒီမှာက နမခ (အနောက်မြောက်တိုင်းစစ် ဌာနချုပ်) ဒုတိုင်းမှူး မျိုးထွဋ်လှိုင် ကိုယ်တိုင် ထိုင်နေတာ။ အဲဒီကမှာ ဗျူဟာ ချပြီး ကျွန်တော်တို့ကို တိုက်ခိုက်ကြလိမ့်မယ်။ ချင်းတောင်ပေါ်ကို အခုလို ကားအစီး၆၀ကျော်လာတယ်ဆိုတာ အတော်ရှားတယ်။ ကားတွေပေါ်မှာ လူတွေချည်းပဲမဟုတ်လောက်ဘူး ။ ရိက္ခာတွေရောပါလာနိုင်တယ်။ သဘောက တော့ လူရိက္ခာစုဆောင်းပြီးမှ ရေရှည်ထိုးတော့မယ်လို့မြင်တယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ ဟားခါးရောက်မသွားအောင်အတတ်နိုင်ဆုံး တားသွား မယ်” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောသည်။

အောက်တိုဘာ ၁၅ရက် ယမန်နေ့က ဟာခါးမြို့မှ စစ်ကူလာသော စစ်ကောင်စီ ယာဉ် တန်အား မြို့အပြင်တွင် CNA နှင့် CDF ပူပေါင်းတပ်ဖွဲ့ဝင်များ ဆီးကြို တိုက်ခိုက်ရာ တစ်ယောက်သေကာ တစ်ယောက်ဒဏ်ရာရလျက် ပြန်လှည့်သွား ခဲ့ကြောင်းသိရသည်။

ဖလမ်းမှ ဟာခါးကြားတွင် ပိတ်မိနေသော စစ်ကောင်စီတပ်သည် အောက်တို ဘာ ၁၃ရက်နှင့် ၁၄ရက်နေ့များတွင် ရာလ်သီး Rialti ရွာ နေအိမ် ၁၃ လုံးနှင့် ဘုရားကျောင်းတင်မီးရွှိ့ခဲ့ပြီး ထလန်ရော်လ် Thlanrawn ရွာတွင် နေအိမ် ၁၀လုံး ကို မီးရှို့ဖျက်ဆီးခဲ့သူများလည်းဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required