ဖလမ်းနယ်ထဲ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ ဦးသေ

ဖလမ်းနယ်ထဲ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ ဦးသေ

အောက်တိုဘာ ၁၅

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ယနေ့နံနက်ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ထုတ်ပြန်သည်။

သီးဘွာလ် စခန်းမှ ရိဒ်ရွာဖက်သို ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များအား CNDF တပ်ဖွဲ့ ဝင်များက နံနက် ၁၁နာရီအချိန်က တိုက်ခိုက်ခဲ့ရာက နာရီဝက်ခန့်ကြာတိုက်ပွဲတွင်း "အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးကာ၊ တစ်ဦးဒဏ်ရာ ရရှိခဲ့ပါသည်။" ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

CNDF ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ”သီးဘွာလ်စခန်းနဲ့က လွန်ခဲ့တဲ့တလကျော်က တခါတိုက်ပြီးပြီ အဲဒီတုန်းက အထိအခိုက်အကျအဆုံးမရှိကြဘူး အဲဒီကတည်းက ကျနော်တို့ CNDF က ပိတ်ဆို့ထားခဲ့တာ သူတို့ဘယ်မှထွက်လို့မရဘူး အခုတခါပြန် ထွက်လာလို့ ပြန်တိုက်တာ” ဟု ပြောသည်။

သီးဘွာလ်ရွာသားများအပြင် အနီးပတ်ဝန်းကျင်တွင်ရှိသော စတောင်မ်ရွာ ၊ဘွာလ်သဲရွာရှိ ရွာသားများသည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သွားခဲ့ကြသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly