အစားအစာဖြန့်ဖြူးရေးကုမ္ပဏီအကြီးအကဲက လူမှုမီဒီယာမှ ပို့စ်ပေါင်း ၁၈၀ဝဝ ခန့်ကို ပိတ်ပစ်

အစားအစာဖြန့်ဖြူးရေးကုမ္ပဏီအကြီးအကဲက လူမှုမီဒီယာမှ ပို့စ်ပေါင်း ၁၈၀ဝဝ ခန့်ကို ပိတ်ပစ်

အစားအစာပို့ဆောင်မှုနှင့် အချိန်တိုအတွင်း မှာယူသည်များပို့ဆောင်ပေးသည့် တရုတ် ပြည်တွင်း ဝန်ဆောင်မှု ကုမ္ပဏီကြီး Meituan၏ အဂတိလိုက်စားမှုစုံစမ်းစစ်ဆေးမှုကိုအဆုံးသတ်ရန် တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၅၃၃ သန်း ဒဏ်ငွေ မချမှတ်ခံရမီ ရက်သတ္တပတ်များစွာအလိုတွင် အသက် ၄၂ နှစ်အရွယ် ဘီလျံနာသူဌေးကြီး Meituanကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဝမ်ရှင်းသည် သူ၏ လူမှုမီဒီယာမှ အကြောင်းအရာပို့စ်ပေါင်း ၁၈၀ဝဝ ခန့်ကို ပိတ်ပစ်လိုက်သည်။

South China Morning Post မှ ပြုလုပ်သော အွန်လိုင်းစစ်ဆေးမှုများတွင် ဝမ်သည် နာမည်ကျော်တရုတ် လူမှုမီဒီယာ Weiboတွင် သူ၏ ပို့စ်ပေါင်း ၆၆၁ ခုနှင့် အစောပိုင်းတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ယောက် အနေဖြင့် ၂၀ဝ၇ခုနှစ်တွင် ၎င်းတည်ထောင်ခဲ့ပြီး ယခု မထင်ရှားတော့သည့် Fanfouလူမှုမီဒီယာတွင် ပို့စ်ပေါင်း ၁၇,၁၀၅ ကို ပြန်ပိတ်ပစ်လိုက်သည်။

Fanfouသည် ဝမ်၏ ပရိသတ်အတွက် အွန်လိုင်းကလပ်ကဲ့သို့ ဖြစ်နေပြီး သူသည် တစ်ရက်လျှင် ပျမ်းမျှ ပို့စ် ၃ ခုခန့် တင်ခဲ့သည်မှာ ၁၄နှစ်ခန့်ရှိပြီဖြစ်သည်။

လူမှုမီဒီယာတွင် ကိုယ်ရေးအကြောင်းအရာကို အကျဉ်းချုပ်ဖော်ပြရာတွင် သူက“Fanfouမှာ ရေးရ လောက် အောင် အကြောင်းအရာတွေကို မစဉ်းစားမိဘူး၊ ဒါမှမဟုတ် ပြောစရာမရှိဘူးဆိုရင် ဒီနေ့က အလဟသဖြစ်လိမ့်မယ် ” ဟု ဖော်ပြထားသည်။

Forbes မှ ခန့်မှန်းခြေအရ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၂၁ ဒသမ ၆ ဘီလီယံရှိသည့် ဝမ်သည် အစိုးရကို ထိုးနှက်သော ထောင်စုနှစ်နှင့်ချီကြာရှည်နေပြီဖြစ်သည့် တရုတ် ကဗျာတစ်ပုဒ်ကို တင်ပြီးနောက် မေလ၌ Fanfouတွင် ပို့စ်တင်ခြင်းကို ရပ်ဆိုင်းခဲ့သည်။

ယင်းသည်ဆိုရှယ်မီဒီယာတွင် ရုတ်ရုတ်သဲသဲဖြစ်စေခဲ့ပြီး Meituanစတော့ ထုတ်ရောင်းခြင်းများ ဖြစ်စေခဲ့ခြင်း ကြောင့် ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးဒေါ်လာ ၁၆ ဘီလီယံကို လျော့နည်းခဲ့ရသည်။ ယင်းပို့စ်ကိုလည်း Fanfouမှ ပယ်ဖျက် လိုက်သည်။

ဟောင်ကောင်စတော့ဈေးကွက် စာရင်းဝင်ကုမ္ပဏီ၏ အစုရှယ်ယာဈေးနှုန်းသည် အောက်တိုဘာ ၁၂ရက်တွင် ၈ ဒသမ ၃၆ ရာခိုင်နှုန်းဖြင့် စာရင်းပိတ်ခဲ့သည်။

ဝမ်က တရုတ်လူမှုမီဒီယာတွင် လူသိထင်ရှားမနေခြင်းက တရုတ်အစိုးရက အဓိက အင်တာနက် ကုမ္ပဏီကြီးများအား နှိမ်နင်းမှုကို တရုတ်နည်းပညာလုပ်ငန်းရှင်ကြီးများက ကြီးစွာ သတိထားနေပုံရသည်။

တရုတ်မှ အခြားနည်းပညာကုမ္ပဏီ တည်ထောင်သူများသည် ၎င်းတို့၏ ကုမ္ပဏီများ ရှေ့တန်းရောက်နေခြင်းမှ နောက်ဆုန်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly