တပ်ပိုင်မြေ ဆိုင်းဘုတ် လာမစိုက်ဖို့ လူထုအားလုံး တော်လှန်စို့...(ဆောင်းပါး)

တပ်ပိုင်မြေ ဆိုင်းဘုတ် လာမစိုက်ဖို့ လူထုအားလုံး တော်လှန်စို့...(ဆောင်းပါး)

အောက်တိုဘာလ ၁၄ ရက်

တပ်ပိုင်မြေ ဆိုတဲ့ ကိစ္စနဲ့ မြန်မာပြည်သူပြည်သား အများစု အတိဒုက္ခ ရောက်ခဲ့ရပါတယ်။ စစ်တပ်ဟာ လုံခြုံရေး အကြောင်းပြချက်၊ စီးပွားရေးအကြောင်းပြချက်တွေနဲ့ ဓားမဦးချ လုပ်ကိုင်နေတဲ့ တောင်သူတွေရဲ့ လယ်ယာမြေတွေ၊ ဘိုးဘွားပိုင်မြေတွေကို မတရားသော နည်းပေါင်းစုံနဲ့ သိမ်းယူခဲ့ကြပါတယ်။ မခံမရပ်နိုင်တဲ့ နိုင်ငံသားတွေက တပ်ပိုင်မြေပေါ် ဝင်ပြီး စိုက်ပျိုးကြလို့ တရားစွဲဆိုကြ၊ ထောင်ကြကြ၊ တချို့ဆိုရင် သေနတ်နဲ့ပါ ပစ်ခံရတဲ့အထိ အဖြစ်အပျက်တွေ အများကြီးရှိခဲ့ပါတယ်။ စစ်အုပ်စု အာဏာလွှမ်းမိုးစဉ်က တရားရေးဌာနတွေကို အားကိုးပြီး ပြန်ရယူလိုမှုနဲ့ ပြည်သူတွေက တောင်းဆိုခဲ့ပေမယ့် သေနတ်ပြောင်းဝ လှည့်လာမှာကို ကြောက်တဲ့ တရားရေးဌာနတွေကလည်း စစ်တပ်ဘက်ကနေပဲ ရပ်တည်ပေးခဲ့ကြပါတယ်။အခုလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်က ထွက်လာတဲ့ ညွှန်ကြားချက်မှာပါတဲ့ တပ်မြေကိစ္စမှာ တရားမဝင် ဖြစ်နေသေးတဲ့ တပ်ပိုင်မြေတွေကို တရားဝင်မှုဖြစ်အောင် လုပ်ဆောင်ကြဖို့ဆိုတဲ့ အချက် ပါပါတယ်။ ဒါဟာ နိုင်ငံပိုင်၊ ပြည်သူပိုင်မြေတွကို သိမ်းပြီး အကျိုးစီးပွား တည်ဆောက်နေတဲ့ စစ်အုပ်စုရဲ့ အလိုရမ္မက်ကြီးမှုကို ဘွင်းဘွင်းကြီး မြင်စေပါတယ်။ ဒါ့အပြင် စစ်အုပ်စုဟာ ဥပဒေတွေကို သုံးပြီး တရားမဝင် သိမ်းယူထားတဲ့မြေတွေ ရှိတယ်ဆိုတာကို တစ်ဖက်ကနေ ဝန်ခံလိုက်တာလည်း ဖြစ်ပါတယ်။ ဒီမြေတွေကို စစ်တပ်က သူတို့ အာဏသိမ်းထားမှုကို အခွင့်ကောင်းယူပြီး မတရားတဲ့ ဥပဒေတွေနဲ့ တရားဥပဒေတွေ၊ ပြဋ္ဌာန်းချက်တွေနဲ့ တရားဝင်အောင်လုပ်ပြီး ထပ်သိမ်းဖို့ လုပ်ဆောင်နေသာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly