အောက်တိုဘာ ၁၃ ရက်၊ ည ၉ နာရီအချိန်ထိ နောက်ဆုံးရသတင်း

13 October 2021
အောက်တိုဘာ ၁၃ ရက်၊ ည ၉ နာရီအချိန်ထိ နောက်ဆုံးရသတင်း

ဟားခါးမြို့အဝင်၊ ကျေးရွာမှာ ဖြစ်တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၅ ဦး သေဆုံးခဲ့ပါတယ်။

မော်လမြိုင်မြို့ ၆ မိုင်စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံလိုသူအားလုံး လွတ်လပ်စွာတွေ့ဆုံနိုင်အောင် ဆောင်ရွက်ပေးဖို့ EU ကပြောလိုက်ပါတယ်။

ဒူးပလာယာခရိုင်အတွင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦးအပါအဝင် တပ်သား ၁၁ ဦးသေဆုံးခဲ့ပါတယ်။

ပလက်ဝတရားရုံးက အပြစ်မရှိလို့ ပြန်လွှတ်ပေးထားတဲ့ ချင်းအမျိုးသား ၅ ယောက်ကို စစ်ကောင်စီကပြန်ဖမ်းသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly