ဘောင်းဘီဖင်ကျပ်ဝတ်ခြင်းက ကြွက်သားများနှင့် အာရုံကြောများကို ပျက်စီးမှုဖြစ်စေနိုင်ကြောင်း ဆရာဝန်များက ပြောသည်။
သြစတြေးလျနိုင်ငံတွင် အသက် ၃၅ နှစ် အရွယ်အမျိုးသမီးတစ်ဦးက ခြေထောက်များ သွေးလေမစီးတော့သဖြင့် ဖြတ်ပစ်ရဖွယ် အဖြစ်နှင့် ကြုံခဲ့ကြောင်း ဆေးပညာဂျာနယ်တစ်စောင်တွင် ဖော်ပြသည်။
၎င်းက အိမ်အတွင်း ဘောင်းဘီဖင်ကျပ်ဝတ်ကာ ဆောင့်ကြောင့် ထိုင်လျက်အချိန်များစွာကုန်ခဲ့ပြီးနောက်တွင် ခြေထောက်များ ထုံကျင်ပြီး လမ်းမလျှောက်နိုင်အောင် ဖြစ်ခဲ့သည်။
ယင်းအမျိုးသမီးသည် compartment syndrome ဆိုသောဝေဒနာမျိုးကို ကြုံလိုက်ရခြင်းဖြစ်ပြီး ဘောင်ဘီဖင်ကျပ်ဝတ်ခြင်းကြောင့် ယင်းသို့ ဆိုးဝါးစွာကျန်းမာရေးပြဿနာပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်း ဆရာဝန်များက ယူဆသည်။
compartment syndrome ဝေဒနာမျိုးကို ကြွက်သားများ ကြပ်နှောင်ထားခံရခြင်းမျိုးတွင် ကြုံတွေ့တတ်သည့် ထုံနာကျင်နာ ဝေဒနာမျိုးဖြစ်သည်။
အထက်ပါ အမျိုးသမီးမှာ ယင်းသို့ကြုံတွေ့ရသဖြင့် လမ်းလုံးဝမလျှောက်နိုင်ဘဲ နာရီပေါင်းများစွာ ကြမ်းပေါ်လဲနေခဲ့ရသည်။ ဆေးရုံ တွင် ကုသရာ သူ့၏ ခြေထောက်အောက်ပိုင်းများ ဆိုးဝါးစွာ ဖူးယောင်နေသည်ကို တွေ့ရှိခဲ့သည်။
ဆေးရုံတွင် သူ့၏ ခြေထောက်များ သွေးလေပြန်စီးကာ ပြန်လည်နွေးမြလာခဲ့သော်လည်း ကြွက်သားများ ချည်နဲ့သွားခဲ့ကာ အာရုံခံစားမှုပျောက်ဆုံးခဲ့ရသည်။ ခြေထောက်အောက်ပိုင်းကို ဖိစီးထားခံရခြင်းကြောင့် ကြွက်သားနှင့် အာရုံကြောများ ပျက်စီးမှုဖြစ်ခဲ့ရခြင်းဖြစ်သည်။
ယခုအမျိုးသမီးကဲ့သို့သော ဝေဒနာအဖြစ်ဆိုးမျိုးကြုံရသည့် နောက်ထပ်လူနာရှင်များစွာလည်း ရှိကြောင်း ကျန်းမာရေးတာဝန် ရှိသူတစ်ချို့ကလည်း ပြောကြသည်။
Ref: BBC