တရုတ်ဟက်ကာများက ထိုင်ဝမ်နှင့်ဟောင်ကောင်ရှိ နိုင်ငံရေးကိစ္စရပ်များနှင့် တက္ကသိုလ်များကို ပစ်မှတ်ထား

By Zee5
13 October 2021
တရုတ်ဟက်ကာများက ထိုင်ဝမ်နှင့်ဟောင်ကောင်ရှိ နိုင်ငံရေးကိစ္စရပ်များနှင့် တက္ကသိုလ်များကို ပစ်မှတ်ထား

တရုတ်ဟက်ကာများသည် ထိုင်ဝမ်နှင့်ဟောင်ကောင်ရှိ နိုင်ငံရေးကိစ္စများနှင့် တက္ကသိုလ်များကို ပစ်မှတ်ထားနေကြောင်း Microsoft က၎င်း၏၂၀၂၁ ခုနှစ်ဒစ်ဂျစ်တယ် ကာကွယ်ရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာသည် ၂၀၂၀ ခုနှစ်ဇူလိုင်လနှင့် ၂၀၂၁ ခုနှစ်ဇွန်လအကြားကာလအတွက်ဖြစ်ပြီး တရုတ်၏ ၄၇ ရာခိုင်နှုန်းသောပစ်မှတ်များသည် အစိုးရအဖွဲ့များဖြစ်သည်ဟု Taiwan Times ကဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ်အောက်တိုဘာလအစီရင်ခံစာအရ ‘Chromium’ဆိုက်ဘာလှုပ်ရှားမှုအဖွဲ့သည် အိန္ဒိယ၊ မလေးရှား၊ မွန်ဂိုးလီးယား၊ ပါကစ္စတန်နှင့်ထိုင်းကဲ့သို့ တရုတ်၏အိမ်နီးချင်းများအပြင် ဟောင်ကောင်နှင့် ထိုင်ဝမ်ပတ်ဝန်းကျင်တွင်ထိရှလွယ်သောလူမှုရေး၊ စီးပွားရေးနှင့်နိုင်ငံရေးပြဿနာများကိုပစ်မှတ်ထားသည်။

အခြားနိုင်ငံများမှ အစိုးရအဖွဲ့အစည်းများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများပြီးလျှင် ထိုင်ဝမ်နှင့်ဟောင်ကောင်ရှိတက္ကသိုလ်များသည် တရုတ်အစိုးရ၏ ခုခံရေးလှုပ်ရှားမှုများအတွက် အချက်အချာနေရာများဖြစ်သောကြောင့် Chromium အဖွဲ့သည် ဟောင်ကောင်နှင့်ထိုင်ဝမ်ရှိတက္ကသိုလ်များကို ပစ်မှတ်ထားမှု အများဆုံးဖြစ်ကြောင်း Taiwan Times ကဖော်ပြခဲ့သည်။

တွေ့ရှိချက်များအရ တရုတ်ဟက်ကာများသည် ဉာဏဆိုင်ရာပစ္စည်းခိုးယူခြင်းကို စိတ်မဝင်စားတော့ကြောင်း Microsoft ၏ တွေ့ရှိချက်တွင် ဖော်ပြထားသည်။

တရုတ်ဟက်ကာများသည် မူဝါဒအပြောင်းအလဲများကို ခိုးယူကြည့်ရှုရန် အမေရိကန်နိုင်ငံရေးအခင်း အကျင်းကို ပစ်မှတ်ထားလျက် ၎င်းတို့နိုင်ငံ၏ ခါးပတ်လမ်းစီမံကိန်းနှင့်ပတ်သက်သော ရင်းနှီးမြုပ်နှံမှုများနှင့် စေ့စပ်ညှိနှိုင်းမှုများဆိုင်ရာ ထောက်လှမ်းမှုများကို စုဆောင်းရန်ကြိုးပမ်းသောကြောင့် အဖွဲ့အစည်းများအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှိနေလိမ့်မည်ကိုတွေ့ရကြောင်း Microsoft ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly