ချင်းပြည်နယ်သို့ စစ်ကောင်စီတပ် အင်အားအလုံးအရင်း ပို့ဆောင်

11 October 2021
ချင်းပြည်နယ်သို့ စစ်ကောင်စီတပ် အင်အားအလုံးအရင်း ပို့ဆောင်

အောက်တိုဘာ-၁၁

ချင်းပြည်နယ်အတွင်းရှိမြို့နယ်များကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲ တပ်ရင်း အင်အားအများအပြား ဆက်လက်ပို့ဆောင်မှုများရှိနေကြောင်း ဒေသတွင်း စစ်ဘက်စောင့်ကြည့်လေ့လာသူများက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် ကလေးမြို့မှသည် ဖလမ်းမြို့ဘက်ကိုစစ်ကားအစီး ၄၀ နီးပါးတက်သွားခဲ့ပြီး အောက်တိုဘာ ၉ ရက်နေ့တွင် ကလေးမြို့မှသည် တီးတိန်ဘက်ခြမ်းကို စစ်ကား ၁၅စီးနှင့် သံချပ်ကာကား နှစ်စီးထွက်သွား ခဲ့သည်။

ချင်းပြည်နယ်အတွင်းစစ်တပ်အင်အားတိုးချဲ့နေတာနှင့်ပတ်သက်ပြီး'' ကျွန်တော်တို့သိရသလောက် ချင်းပြည်နယ်မှာ တောင်ပိုင်းမြောက်ပိုင်းရှိတယ်။ အခုမြောက်ပိုင်းဘက်ခြမ်းကို ကလေးကနေတဆင့် တီးတိန်၊ဖလမ်း၊ ဟားခါး နှင့်ထန်တလန်ဘက်ခြမ်းတွေကို တပ်အင်အားတွေဖြည့်တင်းနေတယ်။ သံချပ် ကာ ကားတွေတောင်ပါနေတယ် ။ဒါကထူးခြားတယ်။ တောင်ဘက်ပိုင်းတော့ လည်း မတူပီ -မင်းတပ်ကားလမ်းက ပိတ်ဆို့သွားတယ်။ အဲဒီအတွက်ကြောင့် မင်းတပ်၊မတူပီမြို့တွေမှာနေ့စဉ်နီးပါးရဟတ်ယာဉ်အသုံးပြုပြီး စစ်တပ်နှင့် ရဲတပ်ရင်း တွေကိုပို့နေတယ်။''ဟု စစ်ရေးစောင့်ကြည့်သူတစ်ဉီးကပြောသည်။

မတူပီမြို့ပေါ်တွင် လုံခြုံရေအသုံးပြုရန်အတွက် ရဲတပ်ရင်း ၁၀၀ ကျော်ကို ချထားမည်ဖြစ်ကြောင်းသိရပြီး လက်ရှိကန်ပက်လက်တွက်လည်း မြို့စောင့် အဖြစ်ရဲတပ်ရင်းများကိုအသုံးပြုနေပြီဖြစ်သည်။

ချင်းပြည်နယ်၊ မကွေးနှင့်စစ်ကိုင်းတိုင်းဒေသများကို အောက်တိုဘာလ ၉ရက် နေ့မှစတင်ပြီး နှစ်ပတ်အတွင်းအမြစ်ပြတ်ချေမှုန်းမည်ဟု သတင်းထွက်ပေါ် လာပြီးနောက် ချင်းပြည်နယ်အတွင်းမှာ စစ်အင်အားအများအပြား တိုးမြှင့် ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly