စစ်ကောင်စီကားတန်းကို MPDF မိုင်းဆွဲတိုက်ခိုက်

By ပါခွီး
09 October 2021
စစ်ကောင်စီကားတန်းကို MPDF မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာ - ပုသိမ် ကားလမ်းပေါ်တွင် မုံရွာပြည်သူ့ကာကွယ်ရေးတပ် (MPDF) ကိုယ်စားပြု သံမဏိတပ်ဖွဲ့က စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်လိုက်ကြောင်း MPDF က ထုတ်ပြန်သည်။

ယနေ့အောက်တိုဘာလ ၉ ရက် ညနေ ၄နာရီ မိနစ် ၂၀ တွင် ဖြတ်သန်းလာသော စစ်ကောင်စီယာဉ်တန်းအား မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မိုင်းတစ်လုံးသာ ဖောက်ခွဲနိုင်လိုက်ကြောင်း သံမဏိတပ်ဖွဲ့က ယနေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရမှု အခြေအနေများကို မသိရှိရသေးပေ။

"ကျွန်တော်တို့ သံမဏိတပ်ဖွဲ့ အနေနဲ့ စစ်ကောင်စီကို ထိရောက် ပြင်းထန်တဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေနဲ့ ဆက်လက် တိုက်ခိုက်သွားမှာ ဖြစ်တယ်” ဟု သံမဏိတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မုံရွာမြို့၊ ပြည်သူ့ကာကွယ်ရေးတပ် (MPDF) ကိုယ်စားပြု သံမဏိတပ်ဖွဲ့သည် အောက်တိုဘာလ ၇ ရက်ကလည်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ မိုင်တဲ ဆက်သွယ်ရေးတာဝါတိုင်အား ဖောက်ခွဲဖျက်ဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly