တရုတ်သမ္မတရှီကျင့်ဖျင်က မကာအိုလောင်းကစားလုပ်ငန်းဖက်သို့ ဦးလှည့်လာ

By POREG
09 October 2021
တရုတ်သမ္မတရှီကျင့်ဖျင်က မကာအိုလောင်းကစားလုပ်ငန်းဖက်သို့ ဦးလှည့်လာ

တရုတ်အစိုးရသည် ၎င်း၏အထူးအုပ်ချုပ်ရေးဒေသတစ်ခုဖြစ်သော မကာအိုရှိ ကာစီနိုလုပ်ငန်းကို ပြန်လည်သုံးသပ်ရန် စတင်လိုက်သည်။ မကာအိုသည် ဒေသတစ်ခုလုံးတွင် လောင်းကစားကို တရားဝင်ပြုလုပ်သော တစ်ခုတည်းသောနေရာဖြစ်သည်။ အစိုးရက လိုင်စင်၊ ဝန်ထမ်းလူမှုဘဝဖူလုံရေးနှင့် နေ့စဉ်စောင့်ကြည့်မှုများတွင် ကြီးကြပ်ရေးတာဝန်များကို တင်းကျပ်ချင်လာသဖြင့် ကြေညာချက်များစွာကို ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနက် ကာစီနိုလုပ်ငန်း စစ်ဆေးရေးအရာရှိ ၁၉၂ ဦးမှ ၄၅၉ ဦးအထိတိုးမြှင့်ခြင်းလည်း ထင်ရှားမှုတစ်ခုဖြစ်သည်။ အ ခြားထုတ်ပြန်ချက်များမှာ လောင်းကစားနှင့်ဆက်စပ်သော တရားမဝင်ချေးငှားခြင်းနှင့် ငွေသားလွှဲပြောင်းခြင်းများအား ထိန်းချုပ်မှုနှင့် သက်ဆိုင်သည်။

မကာအို၏ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ဝန်ကြီး လျဲ့ဝေနန်က လုပ်ငန်းကြီးကြပ်မှုအားနည်းချက်များကို ထောက်ပြလျက် လောင်းကစားလုပ်ငန်းနှင့်ပတ်သက်၍ ၄၅ ရက်ဆွေးနွေးမှုမှ သတိပေးချက်ကို ထုတ်ပြန်ခဲ့ သည်။ လက်ရှိလုပ်ငန်းများ နောက်နှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးပြီးနောက်၌ လောင်းကစားလုပ်ငန်း လေလံအသစ်များကို မည်သို့စီမံမည်ကို အသေးစိတ်မပြောပေ။

သမ္မတရှီသည် ပြည်သူများက ဆွေးနွေးအကြံပြုရန် စက်တင်ဘာ ၁၅ မှစ၍ ဖွင့်လှစ်ခွင့်ပြုပေးခဲ့သည်။ အရေးကြီးဆုံး အကြံပြုချက်မှာ ဒေသတွင်း၌ လုပ်ငန်းဖွင့်ခွင့်ဟုခေါ်သော လိုင်စင်ကို ခွင့်ပြုမည့်အရေအတွက်၊ သက်တမ်းကြာချိန်နှင့် အစိုးရ၏ကြီးကြပ်မည့်အတိုင်းအတာတို့ဖြစ်သည်။ လိုင်စင်သစ်အတွက် လေလံဆွဲခြင်းကို လာမည့် ဇွန်လတွင်ပြုလုပ်မည်ဖြစ်သည်။ နောက်ထပ် အကြံပြုချက်မှာ လောင်းကစားရုံကုမ္ပဏီများ၏ ဒေသတွင်းရှယ်ယာပိုင်ဆိုင်မှုများကို တိုးမြှင့်ခြင်းအတွက်ဖြစ်ပြီး လုပ်ငန်းအဆိုပြုချက်များအား မည်သို့ပြဋ္ဌာန်းမည်ကို အသေးစိတ်မဖော်ပြပေ။

အစိုးရသည် မကာအို၌ အမြဲတမ်းနေထိုင်သူများအတွက် လောင်းကစားဆိုင်ရာ လိုက်လျောချက်များတွင် မဲပေးခွင့်ရှိသောရှယ်ယာများ တိုးမြှင့်ရန် အစီအစဉ်များနှင့် ရှယ်ယာရှင်များအတွက် အကျိုးအမြတ်များ လွှဲပြောင်းခြင်းနှင့် ထည့်ဝင်ခြင်းများဆိုင်ရာ စည်းမျဉ်းများ ပိုမိုချမှတ်မှုကိုပါ စီစဉ်ထားကြောင်း မီဒီယာများတွင် ရေးသားထားသည်။

ဆွေးနွေးအကြံပြုမှု ကာလအပြီးတွင် အဆိုပြုချက်များကို ဥပဒေအဖြစ်အသက်သွင်းရန် ဥပဒေကြမ်းတစ်ခုအား ဒေသတွင်းလွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။

မကာအိုတွင် လုပ်ငန်းလည်ပတ်ရန် လိုအပ်သော လောင်းကစားရုံလိုင်စင်များအတွက် ထိန်းချုပ်မှုများ တင်းကျပ်ခြင်းကို လာမည့်နှစ်တွင် ထပ်မံပြုလုပ်နိုင်ရေးကိုလည်း အချိန်မီ အကောင်အထည်ဖော်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly